နေမာ PSG ကို ဒေါ်လာ သန်း ၂၅ဝ နဲ့ ရွှေ့

  • 2 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် EVARISTO SA
Image caption ဘရာဇီးလက်ရွေးစင် ဘောလုံး အကျော်အမော် နေမာ

ဘရာဇီးလက်ရွေးစင် ဘောလုံး အကျော်အမော် နေမာက လက်ရှိကစားနေတဲ့ Barcelona ကလပ်အသင်းကနေ Paris Saint-Germain အသင်းကို အမေရိကန်ဒေါ်လာ သန်း ၂၅ဝ နဲ့ Paris St-Germain ကို ပြောင်းရွှေ့ တော့မှာ ဖြစ်ပါတယ်။

ဒါဟာ ဘောလုံးလောကမှာ တခါမှ မရှိခဲ့ ဖူးတဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး အများဆုံးဖြစ်ပါတယ်။

European Champions League ပြိုင်ပွဲ အနိုင်ရမယ်ဆိုရင် ဒီလောက် ပမာဏ များတဲ့ ငွေ ပေးဖို့ လိုလည်း ပေးဖို့ တတ်နိုင်တဲ့ ဘောလုံး အသင်းပိုင်ရှင်တွေ ထဲမှာ ကာတာက PSG အသင်း ပိုင်ရှင် လည်း ပါဝင်ပါတယ်။

ဘာစီလိုနာ အသင်းပြောခွင့်ရသူ John Bennett ကတော့ ပြီးခဲ့တဲ့နှစ် အနည်းငယ်က PSG ကို ကာတာက ပိုင်ရှင်တွေ ဝယ်ခဲ့ပြီး ကတည်းက ကွာတားဖိုင်နယ်ကနေ တခါမှ မကျော်ခဲ့ဖူးတဲ့ အတွက် PSG က ချန်ပီယံလိဂ် ဖလား သိပ်ကိုလိုချင်နေတာပါလို့ John Bennett က ပြောပါတယ်။

စပိန် ကလပ်အသင်း တာဝန်ခံ အရာရှိတွေ ကတော့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ရဲ့ စည်းကမ်းတွေကို ချိုးဖောက်ရာကျတယ်လို့ ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ