ရုရှားကို အမေရိကန်က ပိတ်ဆို့အရေးယူ

  • 3 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတထရမ့်နဲ့ သမ္မတပူတင်

၂၀၁၆ခုနှစ် အမေရိကန် ရွေးကောက်ပွဲမှာ ပါဝင်ခြေရှုတ်တယ် ဆိုတဲ့စွပ်စွဲချက်တွေနဲ့ ရုရှားကို နောက်ထပ် ပိတ်ပင်တဲ့ဥပဒေကိုသမ္မတ ထရမ့်လက်မှတ်ထိုးလိုက်ပါတယ်။ အိမ်ဖြူတော်မှာ တံခါးပိတ်လက်မှတ်ထိုးခဲ့တဲ့ ဒီဥပေဒထဲမှာ အီရန်နဲ့ မြောက်ကိုရီးယား တို့ကိုလည်းပိတ်ပင်တဲ့ ဆန်ရှင်တွေချမှတ်ခဲ့ပါတယ်။

ရုရှားပေါ်ချမှတ်တဲ့ပြစ်ဒဏ်တွေကို သမ္မတက လျှော့ပေါ့ မပေးနိုင်အောင်ဥပဒေထဲမှာ ကွန်ဂရက်က သူ့ကိုလက်ထိပ်ခတ်သလို ထိန်းချုပ်မှုတွေသုံးပြီး အလွန်အကျွံလုပ်တယ်လို့ သမ္မတထရမ့်ကစွပ်စွဲပါတယ်။ ဒါဟာအမေရိကန်က ရုရှားကိုကုန်သွယ်ရေးစစ်ပွဲ အပြည့်အဝကြေညာလိုက်တာပဲလို့ရုရှားဝန်ကြီးချုပ်က တုံ့ပြန်ပါတယ်။

အမေရိကန် ရွေးကောက်ပွဲမှာ ရုရှားတို့ဝင်စွက်ဖက်တယ် ဆိုတာကို ရုရှားအစိုးရကငြင်းဆိုသလို ထရမ့်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က ရုရှားနဲ့ပူးပေါင်း ဆောင်ရွက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း သမ္မတထရမ့်က ပါယ်ချပါတယ်။

ပြီးခဲ့တဲ့အပတ် ကွန်ဂရက်က ပိတ်ဆို့ အရေးအယူတဲ့ဥပဒေအတည်ပြု လိုက်တုန်းကမော်စကို ဘက်က လက်တုံ့ပြန်တဲ့အနေနဲ့ သူ့နိုင်ငံအတွင်း အမေရိကန်သံရုံးကောင်စစ်ဝန်ရုံး တွေကနေအမှုထမ်းပေါင်း၇၅၅ယေက်ကိုနှင်ထုတ်ခဲ့ပါတယ်။ အခုလိုအရေးယူတဲ့အပေါ်ဂျာမနီအပါအဝင် ဥရောပနိုင်ငံအတော်များများကစိုးရိမ်နေကြပြီး ဥရောပကော်မရှင်ဥက္ကဌကဆို အီးယူရဲ့ စွမ်းအင်လုံခြုံမှုမှာ မရည်ရွယ်တဲ့အကျိုးစီးပွားထိခိုက်တာ တွေဖြစ်လာနိုင်တယ်လို့ပြောပါတယ်။

ရုရှားကိုအရေးယူဖို့ သမ္မတ ကလက်မှတ်ထိုးလိုက်ပေမယ့် သိပ်ကြေနပ်ပုံတော့မရပါဘူး။ ဒီဥပဒေထဲမှာပါတဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို ချုပ်ကိုင်တဲ့ ကွန်ဂရက်ရဲ့ လုပ်ရပ်ကို ဘယ်သမ္မတ မဆိုပယ်ချနိုင်ပါတယ်။ ထရမ့်အစိုးရကတော့ လုပ်ရိုးလုပ်စဉ် သဘော ပြဌာန်းလိုက်ပေမယ့် သူ့ရဲ့လုပ်ပိုင်ခွင့်အပေါ်ထိပါး လာတာမျိုးကို ပြန်တိုက်ခိုက်ဖို့ တော့ အများမျှော်လင့် ထားသလိုမဟုတ်တဲ့ နည်းလမ်းတွေသုံးလာနိုင်တယ်လို့ ဝါရှင်တန်ရှိ ဘီဘီစီ သတင်းထောက်ကပြောပါတယ်။