ဒိန်းမတ်မင်းသားကြီး ဘုရင်မနဲ့အတူ မမြှုပ်လို

  • 3 ဩဂုတ် 2017
Image caption ဒိန်းမတ် ဘုရင်မကြီးနဲ့ ကြင်ယာတော် မင်းသားကြီး

ဒိန်းမတ် ဘုရင်မကြီး Margarethe ရဲ့ ကြင်ယာတော် မင်းသားHenrik က သူကွယ်လွန် သွားတဲ့အခါ ဘုရင်မကြီးအုတ်ဂူနဲ့ အတူ မထားလိုဘူးလို့ သူ့ဆန္ဒကို ထုတ်ပြောခဲ့ကြောင်း တော်၀င်မိသားစုက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မင်းသားကြီးနဲ့ ဘုရင်မကြီးတို့ ကံတော်ကုန်သွားခဲ့ရင် အစဉ်အလာအရ တော်၀င်မိသားစု အတွက် ထားရှိတဲ့ Roskilde ကတ်သလစ် ဘုရားရှိခိုးကျောင်းမှာဂူသွင်းမြုပ်နှံလေ့ရှိတာ ဖြစ်ပါတယ်။

သက်တော် ၈၃ နှစ်ရှိပြီ ဖြစ်တဲ့ မင်းသားကြီးဟာ ပြီးခဲ့တဲ့ လတုန်းက ခွဲစိတ်မှု တခု ခံယူခဲ့ရပြီး တော်၀င် ဘ၀ တလျှောက်လုံး ဘုရင်မကြီးနဲ့ တန်းတူ အခွင့်အရေး မရခဲ့တဲ့အ ပေါ် စိတ်မသက်မသာ ဖြစ်ခဲ့ရတယ်လို့ ဒိန်းမတ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အခုတော့ မင်းသားကြီးရဲ့ ဆုံးဖြတ်ချက်ကို ဘုရင်မကြီးက လက်ခံခဲ့ပြီး သဘောတူခဲ့တယ်လို့ နန်းတော်က ထုတ်ပြန်ခဲ့ပေမယ့် မင်းသားကြီးရဲ့ ဇာတိ ပြင်သစ်မှာ မြှုပ်နှံမယ် ဆိုတဲ့ သတင်းတွေကိုတော့ ငြင်းပယ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ