မြောက်ကိုရီးယားဆန်ရှင် ကုလလုံခြုံရေးကောင်စီမှာ ကန့်ကွက်သူမရှိ

  • 5 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ကုလသမဂ္ဂ အမေရိကန်သံအမတ် နစ်ကီ ဟေလီက ဒါဟာ မျိုးဆက်တဆက်အတွင်းအကြီးမားဆုံး ပိတ်ဆို့အရေးယူမှုလို့ဆို

မြောက်ကိုရီးယားရဲ့ နျူးကလီးယား လက်နက်စီမံကိန်းကို ပိုမိုတင်းကြပ်တဲ့ ပိတ်ဆို့ အရေးယူမှုတွေ လုပ်ကြဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအားလုံးက ကန့်ကွက်သူ မရှိ အတည်ပြုလိုက်ကြပါတယ်။

ဒါဟာ ဒီနေ့ခေတ်မှာ နိုင်ငံတနိုင်ငံ အပေါ်မှာ အတင်းကြပ်ဆုံးပိတ်ဆို့ အရေးယူမှုဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ အမေရိကန်ဆိုင်ရာ သံအမတ်နစ်ကီ ဟေလီက ပြောပါတယ်။

အခုပိတ်ဆို့အရေးယူမှုဟာ မြောက်ကိုရီးယားရဲ့ နှစ်စဉ် ပြည်ပပို့ကုန်ဝင်ငွေကို သုံးပုံတပုံ လျှော့ချ ဖြတ်တောက်နိုင်ဖို့ ရည်မှန်းဆောင်ရွက်ထားပါတယ်။ မကြာခင်တုန်းကတော့ မြောက်ကိုရီးယားက သူတို့ရဲ့ နျူးကလီးယားအစီအစဉ်ကို ဆက်လက် တည်ဆောက်လုပ်ကိုင် သွားမှာဖြစ်တယ်လို့ ကြေညာချက်တစောင်ထုတ်ပြန်ပြီး အံတုပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ လထဲမှာ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ် မစ်ဇိုင်းဒုံးစမ်းသပ်မှု နှစ်ခုလုပ်ခဲ့ပြီး သူတို့ဟာ အခုအခါ အမေရိကန် ပြည်ထောင်စု တနိုင်ငံလုံးကို တိုက်ခိုက်နိုင်တဲ့ စွမ်းအားရှိနေပြီလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ