ဆာအီပူးလ် တိုက်ခိုက်မှု အနည်းဆုံး အယောက် ၅ဝ သေဆုံး

  • 6 ဩဂုတ် 2017
Image caption ရွာထဲထိ ဝင်ပြီး ဒေသခံ ရဲစခန်းကို ပစ်ခတ်

အာဖဂန်နစ္စတန် မြောက်ပိုင်းက ဆာအီပူးလ်ဆိုတဲ့ ဒေသမှာ လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး လူ အယောက် ၅ဝ သေဆုံး ခဲ့ရတယ်လို့ အာဖဂန် အာဏာပိုင်တွေက ပြောပါတယ်။

မီရ်ဇာဝါလန်းဆိုတဲ့ အရပ်က အစိုးရ လုံခြုံရေး စစ်ဆေးရေး ဂိတ်တွေကို လက်နက်ကိုင်တွေ တိုက်ခိုက်ခဲ့ပြီး ရွာထဲထိ ဝင်ရောက်ကာ ဒေသခံ ရဲစခန်းကို ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အဲဒီ ပြည်နယ်က အုပ်ချုပ်ရေး အဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူက ဘီဘီစီကို ပြောပါတယ်။

တိုက်ခိုက်လာသူတွေဟာ တာလီဘန်တွေနဲ့ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင်တွေ စုပေါင်း ထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တာလီဘန် တွေ ဘက်ကတော့ သူတို့ အနေနဲ့ အရပ်သားတွေကို မသတ်ဖြတ် ခဲ့ဘူးလို့ ငြင်းဆို ပါတယ်။

ဒါပေမယ့် အစိုးရက ဖွဲ့ပေးထားတဲ့ ပြည်သူ့စစ်ပုံစံမျိုး လက်နက်ကိုင် ၂၈ ယောက်ကိုတော့ သုတ်သင် နိုင်ခဲ့တယ် ဆိုပြီး တာလီဘန် အဖွဲ့က ပြောပါတယ်။