ယီမင် ကမ်းရိုးတန်းနားမှာ နိုင်ငံရွှေ့ပြောင်းဝင်လာသူ ၅၀လောက် ရေနစ်သေဆုံး

  • 10 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် IOM
Image caption နိုင်ငံရွှေ့ပြောင်းဝင်လာသူ ၂၉ဦးရဲ့ အလောင်းတွေ ရှာတွေ့ခဲ့ပြီး နောက်ထပ် ၂၀လောက် ပျောက်ဆုံးနေဆဲ

ယီမင်နိုင်ငံ ကမ်းရိုးတန်းနားမှာ နိုင်ငံရွှေ့ပြောင်းဝင်လာသူ ဆိုမာလီးနဲ့ အီသီယိုပီးယန်း လူမျိုး အ ၅၀လောက် လူမှောင်ခိုတွေရဲ့ လက်ချက်ကြောင့် ရေနစ်သေဆုံးခဲ့တယ်လို့ IOM နိုင်ငံရွှေ့ပြောင်းသူများ ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက နိုင်ငံရွှေ့ပြောင်းသူတွေ ၁၂၀လောက် တင်ဆောင်လာတဲ့ လှေတစင်းကို ရာသီဥတု ဆိုးဝါးနေတဲ့ ပင်လယ်ထဲ လူမှောင်ခိုတွေက အတင်းထွက်ခိုင်းခဲ့တယ်လို့ IOM က ပြောပါတယ်။

ယီမင်နိုင်ငံ ကမ်းခြေတခုမှာ နိုင်ငံရွှေ့ပြောင်း၀င်လာသူ ၂၉ဦးရဲ့ အလောင်းတွေကို ကယ်ဆယ်ရေး လုပ်သားတွေ ရှာတွေ့ခဲ့ပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေက အဲဒီလူတွေကို ကျင်းတူး မြေမြှုပ်ခဲ့ကြပုံ ရပါတယ်။

နောက် လူ၂၀ကျော်လောက်က ပျောက်နေဆဲ ဖြစ်ပါတယ်။

လှေပေါ်ပါလာသူ အများစုဟာ လူငယ်တွေ ဖြစ်တယ်လို့ သိရပြီး ယီမင်နိုင်ငံကနေတဆင့် ပင်လယ်ကွေ့နိုင်ငံတွေဆီ အရောက်သွားနိုင်ဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။