မြောက်ကိုရီးယား ခြိမ်းခြောက်တာ မတွေ့လို့ စီအိုင်အေဆို

  • 13 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် STR
Image caption ဂျပန်ကလည်း ခုခံဖို့ ပြင်နေ

မြောက်ကိုရီးယား အနေနဲ့ အမေရိကန်ကို အဏုမြူ နဲ့ တိုက်ခိုက်ဖို့ လတ်တလောမှာ ဘာမှ ခြိမ်းခြောက်တာ မတွေ့ရကြောင်း စီအိုင်အေ ညွှန်ကြားရေးမှူး မိုက် ပွမ်ပီယို က ပြောပါတယ်။

ဘာမှ မတွေ့တာပါ။ အမေရိကန် ကာကွယ်ရေး ဌာန ထုတ်ပြန်တာတွေနဲ့ မြောက်ကိုရီးယားမှာ ဘာတွေ လုပ်နေတယ် လုပ်မနေဘူးဆိုတဲ့ သတင်းတွေမှာ ကြည့်ပါ။ ဒါပေမဲ့ အမေရိကန် မြေပေါ်ကို အဏုမြူ ဒုံးကျည် ကျလာဖို့ အခြေအနေကတော့ ပိုဆိုးလာနေပါတယ်။ ဒါကို ဒီဘက်က စောင့်ကြည့်နေပါတယ်လို့ စီအိုင်အေ ညွှန်ကြားရေးမှူး မိုက် ပွမ်ပီယို က ပြောပါတယ်။

မြောက်ကိုရီးယားမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာ သူတို့ ထောက်လှမ်းရေးဘက်က ရထားတယ် လို့လည်း ဆိုပါတယ်။

တခြား နိုင်ငံတွေက ရပ်ခိုင်းပေမယ့် မြောက်ကိုရီးယားက ဒုံးကျည် အစီအစဉ်တွေ ဆက်လုပ်နေမယ်လို့ ယူဆတယ် လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ