Freetown မြေပြိုမှုအတွင်း သေဆုံးခဲ့သူ အလောင်း ၃၀၀ နီးပါး ပြန်တွေ့

  • 15 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption မြေပြိုမှုဒဏ် ခံခဲ့ရတဲ့ Freeman မြို့အတွက် အကူအညီတွေ ပေးကြဖို့ သမ္မတ ပန်ကြား

Sierra Leone နိုင်ငံ Freetown မြို့တော်မှာ ရေကြီး မြေပြိုမှု အပျက်အစီးပုံတွေကနေ လောလောဆယ် လူသေအလောင်း ၂၇၀ ဆယ်ယူတွေ့ခဲ့တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက် လုပ်နေဆဲ ဖြစ်ပြီး သေဆုံးသူ အရေးအတွက် နောက်ထပ် ပိုများလာဘွယ် ရှိပါတယ်။

Freetown မြို့က ရေခဲတိုက်တွေမှာ အလောင်းတွေ ပြည့်ကျပ်နေပြီး နောက်ထပ် အလောင်းတွေ ထားဖို့အတွက် လက်ရှိအလောင်းတွေကို အင်္ဂါနေ့ နှောင်းပိုင်းမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံ သင်္ဂြိုဟ်မယ်လို့ သတင်းတွေက ဆိုပါတယ်။

လောလောဆယ် Freetown မြို့မှာ မိုးတွေ ဆက်သည်းထန်ဆဲ ဖြစ်ပါတယ်။

Sierra Leone သမ္မတ Ernest Bai Koroma က ၂၀၁၄ခုနှစ် အီဘိုလာ ကပ်ဘေးကြီး ကြုံခဲ့စဉ်တုန်းကလိုပဲ အလားတူ တညီတညွတ်တည်း ရှိကြဖို့ ပြည်သူတွေကို ပန်ကြားလိုက်ပါတယ်။