နိုင်ငံရွှေ့ပြောင်းဝင်လာသူ ၆၀၀လောက်ကို စပိန်ကမ်းရိုးတန်းစောင့်တွေ တရက်အတွင်း ကယ်

  • 17 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption နိုင်ငံရွှေ့ပြောင်း၀င်လာသူ ၁၂၀ကျော်လောက် ရေနစ် သေဆုံးခဲ့တယ်လို့ ယူဆရ

မော်ရိုကိုနိုင်ငံကနေ ထွက်ခွာလာတဲ့ လှော်တက်နဲ့ခတ်ရတဲ့ ကလေးကစားစရာ လှေငယ်တွေနဲ့ ဂျက်အင်ဂျင်တပ် မော်တော်ဘုတ် တစင်းအပါအဝင် ရေယာဉ် ၁၅စီးကနေ လူ ၆၀၀ နီးပါးလောက်ကို စပိန် ကမ်းရိုးစောင့်တပ်ဖွဲ့တွေက ကယ်ဆယ်ခဲ့ပါတယ်။

နိုင်ငံရွှေ့ပြောင်း ဝင်လာသူတွေကို အပြည့်အကျပ် တင်ဆောင်လာတဲ့ ရေယာဉ်တွေဟာ မနှစ်ကထက် အခု ၃ဆ ပိုများလာတယ်လို့ စပိန် အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

အခုနှစ်မှာ စပိန်နိုင်ငံကို လူ ရှစ်ထောင်ကျော်လောက် ရောက်ရှိလာခဲ့တယ်လို့ ကုလသမဂ္ဂ အဖွဲ့က ပြောပါတယ်။

နိုင်ငံရွှေ့ပြောင်း ဝင်လာဖို့ ကြိုးစားရင်း လူ ၁၂၀ကျော်လောက် ရေနစ် သေဆုံးခဲ့တယ်လို့ ယူဆရပါတယ်။

အခုနှစ်ဦးပိုင်းက စလို့ လူတသိန်းနီးပါးလောက် အန္တရာယ်များတဲ့ ရေလမ်းခရီးကိုဖြတ်ပြီး လစ်ဗျားနိုင်ငံကနေ အီတလီနိုင်ငံကို ရောက်လာခဲ့ကြပါတယ်။