ထရမ့်နှောင့်ယှက်သူတွေကို တိုက်မယ်လို့ ဘန်နွန်ပြော

  • 19 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ထုတ်ပယ်ခံရသူ စတိဗ်ဘန်နွန် နဲ့ ထရမ့်

ထုတ်ပယ်ခံရတဲ့ သမ္မတ ထရမ့်ရဲ့ အိမ်ဖြူတော် မဟာဗျူဟာ ချမှတ်ရေးအရာရှိ စတိဗ်ဘန်နွန်က သူ့အနေနဲ့ သမ္မတ ထရန့်ကို တိုက်ခိုက်နေသူတွေကို ဆန့်ကျင်တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။

သမ္မတ ထရမ့်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အောင်နိုင်ရေးမှာ အကြီးအကဲတယောက်လည်းဖြစ်တဲ့ စတိဗ်ဘန်နွန်ဟာ လက်ယာယိမ်းအတွေးအခေါ်တွေကို ဖြန့်ချိတဲ့ ဝက်ဆိုဒ်ဖြစ်တဲ့ Breitbart သတင်းဝက်ဆိုဒ်မှာ ပြန်လည်အလုပ်လုပ်တော့မှာဖြစ်ပါတယ်။

အသက် ၆၃ ရှိပြီဖြစ်တဲ့ မစ္စတာဘန်နွန်ဟာ ဆီမိုက်နဲ့ ဂျူးကပြား အနွယ်ဝင်တွေကို ဆန့်ကျင်သူနဲ့ လူဖြူလူမျိုးကြီးဝါဒကို ကျင့်သုံးသူလို့ စွပ်စွဲခံရသူဖြစ်ပါတယ်။

အိမ်ဖြူတော်ကနေ နောက်ဆုံးထုတ်ပယ်ခံရတဲ့ အဆင့်မြင့်အရာရှိဖြစ်သလို ထုတ်ပယ်မှုဟာ အမျိုးသမီးတဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့သည့် လူဖြူကြီးစိုးရေးဝါဒီတွေရဲ့ ဆန္ဒပြပွဲမှာ ကားနဲ့ ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်အပြီးမှာဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။

သမ္မတထရမ့် အနေနဲ့ လူဖြူကြီးစိုးရေးဝါဒီတွေကို ကာကွယ်ပေးတယ်လို့ စွပ်စွဲမှုတွေလည်း ခံနေရတာပါ။

ဘန်နွန်ကတော့ သူ့အနေနဲ့ အခုလို မူလနေရာမှန်ကို ပြန်ရောက်လာတာဟာ သမ္မတထရမ့် အတွက် ပိုပို ထိထိရောက်ရောက်ဖြစ်စေဖို့ ကူညီပေးနိုင်မှာဖြစ်တယ်။ သမ္မတထရမ့်ရဲ့ အစီစဉ်တွေကို တားဆီးနှောင့်ယှက်သူတွေကို တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။