ဗင်ကားမောင်းသူ ဘယ်သူလည်း သိပြီလို့ စပိန်ရဲပြော

  • 20 ဩဂုတ် 2017
Image caption အယ်လ်ကာနား အရပ်က နေအိမ် ပေါက်ကွဲ

စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့လယ်က ကမ္ဘာလှည့် ခရီးသွားတွေ အသွားများတဲ့ လာ့စ် ရမ်းဘလာ့စ် လမ်းတလျှောက် လူအုပ်ထဲ ဗင်ကားနဲ့ ဝင်တိုက်ခဲ့သူ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ဖော်ထုတ် နိုင်ပြီလို့ စပိန်ရဲတပ်ဖွဲ့က ပြောပါတယ်။

စပိန်ရဲတွေဘက်က နာမည်ကို ထုတ်ဖော် မကြေညာသေးပေမယ့် ဗင်ကားမောင်းသူဟာ အသက် ၂၂ နှစ် အရွယ် ယူနက်စ် အဘူယာကုဘ်လို့ နားလည်ရပြီး မော်ရိုကို ဇာတိဖြစ်ပါတယ်။

လူ ၁၃ ယောက် သေဆုံး ခဲ့ရတဲ့ အဲဒီ ကြာသပတေးနေ့ ဖြစ်ရပ်နောက်ပိုင်း ဗင်ကားမောင်းသူဟာ စပိန်ထဲ ဆက်ရှိနေဖို့ မသေချာပဲ နိုင်ငံကနေ ထွက်ပြေးသွားနှင့်ပြီး ဖြစ်နိုင်တယ်လို့ စပိန် အာဏာပိုင်တွေ ယူဆ ထားပါတယ်။

လက်လုပ်ဗုံးတွေ တင်ထားတဲ့ ဗင်ကား ၃ စင်းနဲ့ လူအုပ်တွေထဲ ဝင်တိုက်ဖို့ လူ ၁၂ ယောက်က ၆ လ အချိန်ယူ ကြံစည် ခဲ့တာဖြစ်တယ် ဆိုပြီးတော့လည်း စပိန်ရဲက ပြောပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အဲဒီသူတွေရဲ့ အယ်လ်ကာနား အရပ်က နေအိမ် ပေါက်ကွဲပြီး သူတို့ထဲက နှစ်ယောက် သေဆုံးသွားတဲ့နောက် အစီအစဉ်ပြောင်း လုပ်ဆောင်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။