ဂျယ်ရီလူးဝစ် အသက် ၉၁ နှစ် အရွယ်မှာ ကွယ်လွန်

  • 20 ဩဂုတ် 2017
Image caption ၅ နှစ် အရွယ် ကတည်းက ဖျော်ဖြေ ခဲ့သူ

အမေရိကန်ပြည်ထောင်စုရဲ့ ဖျော်ဖြေရေးလောက ဟောလိဝုဒ်မှာ အအောင်မြင်ဆုံး သူတွေထဲ ပါဝင်တဲ့ ဂျယ်ရီလူးဝစ် တစ်ယောက် အသက် ၉၁ နှစ် အရွယ်မှာ ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။

လာ့စ်ဗေးဂတ်စ်မြို့က နေ့အိမ်မှာ တနင်္ဂနွေ မနက်ပိုင်းကပဲ ကွယ်လွန်သွားတာ ဖြစ်တယ် ဆိုပြီး ကျန်ရစ်သူ မိသားစုက ထုတ်ပြန်ပါတယ်။

၁၉၄ဝ ပြည့်ကျော်နှစ်တွေမှာ ဒီးန်မာတင်နဲ့ တွဲလို့ ဟာသသရုပ်ဆောင် အဖြစ် ဂျယ်ရီ လူးဝစ် နာမည် ကြီးလာခဲ့ပြီး အင်မတန် အောင်မြင်တဲ့ ရုပ်ရှင် တွေ ရိုက်ကူး ခဲ့ပါတယ်။

အဲဒီနောက် ဂျယ်ရီ လူးဝစ်ဟာ ဟောလိဝုဒ်မှာ စျေးအကြီးဆုံး မင်းသား တစ်ယောက် ဖြစ်လာ ခဲ့ပြီး ကိုယ်တိုင် ဇာတ်လမ်း ဇာတ်ညွှန်း ရေးသားတာမျိုး၊ ဒါရိုက်တာ အဖြစ် စီစဉ် ရိုက်ကူး တာမျိုးတွေ ပြုလုပ် ခဲ့ပါတယ်။

The Bell Boy၊ Cinderfella နဲ့ The Nutty Professor ရုပ်ရှင်တွေဟာ ဂျယ်ရီလူးဝစ်ရဲ့ နာမည် အကြီးဆုံး ကားတွေလို့ ပြောနိုင်ပါတယ်။

ရုရှားဂျူး မိဘတွေက ပေါက်ဖွားလာတဲ့ သူဟာ အသက် ၅ နှစ် အရွယ် ကတည်းက စင်ပေါ်တက်ပြီး ဖျော်ဖြေ ခဲ့သူ ဖြစ်ပါတယ်။

ဂျယ်ရီလူးဝစ် သေဆုံး သွားတဲ့ သတင်းကို အနုပညာ အသိုင်းအဝိုင်းက သူတွေ ဝမ်းနည်းကြောင်း လှိုက်လှိုက်လှဲလှဲ ပြောဆို နေကြပါတယ်။