အင်္ဂလန်အသင်းကနေ ရူနီ အနားယူပြီ

  • 23 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption အင်္ဂလန်အသင်းအတွက် ဂိုးအများဆုံး သွင်းပေးခဲ့သူ ဝိန်းရူနီ

အင်္ဂလန်ဘောလုံးအသင်းအတွက် ဂိုးအများဆုံး သွင်းပေးခဲ့သူ ဝိန်း ရူနီက အင်္ဂလန်အသင်းကနေ အနားယူတော့မယ်လို့ ထုတ်ဖော် ကြေညာလိုက်ပါတယ်။

အင်္ဂလန်အသင်းမှာ ပြန်ကစားဖို့ အင်္ဂလန်အသင်း မန်နေဂျာက သူ့ကို ဖုန်းဆက် တိုက်တွန်းခဲ့တဲ့ကြားက အခုလို ဆုံးဖြတ်လိုက်တာလို့ အသက်၃၁နှစ်အရွယ် ဝိန်း ရူနီက ပြောပါတယ်။

ဝိန်း ရူနီဟာ အင်္ဂလန်အသင်းမှာ သူကစားခဲ့တဲ့ ၁၄နှစ်တာ ကာလအတွင်း ဂိုး၅၃ဂိုး သွင်းပေးခဲ့ပါတယ်။

သူဟာ အင်္ဂလန်အသင်းအတွက် ၁၁၉ကြိမ် ကစားခဲ့ပါတယ်။