ကျူးဘားရှိ အမေရိကန်သံတွေ အသံနဲ့တိုက်ခံရ

  • 25 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ကျူးဘားရှိ အမေရိကန်သံရုံး

ကျူးဘားနိုင်ငံ ဟာဗားနားမြို့တော်မှာ တာဝန်ကျတဲ့ အမေရိကန်နဲ့ ကနေဒါသံတမန်တွေ နားမကြားရတဲ့ ပြဿနာဖြစ်တယ်ဆိုတဲ့ သတင်းတွေပေါ်ထွက်လာနေပါတယ်။

ဒီလိုထွက်လာတဲ့ သတင်းတွေထဲမှာ ထူးခြားတာကတော့ အမေရိကန် နိုင်ငံခြားရေး ဌာနက အသံကိုအသုံးပြုတဲ့လျှို့ဝှက် လက်နက် တမျိုးနဲ့ ကျန်းမာရေး ထိခိုက်အောင်တိုက်ခိုက်ခံရတဲ့ အမေရိကန် သံအမှုထမ်းတွေ အတော်ရှိကြောင်း ပြောပါတယ်။

အခုအခါအမေရိကန် အစိုးရအမှုထမ်း နဲ့သံရုံးအဖွဲ့ဝင်တွေထဲက အဲဒီလိုရောဂါ လက္ခဏာဖြစ်တာ ၁၆ယောက် ထက်မနည်းရှိပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ကပြောခွင့်ရ အမျိုးသမီးက အတည်ပြု ပြောကြားပါတယ်။

မူလတုန်းက ဒီလိုနားမကြားတဲ့ ရောဂါလက္ခဏာ ၅ယောက် လောက်ရှိတယ် ဆိုထာတက် အခုအတော်ကြီးများ လာတာဖြစ်ပါတယ်။

ဒါ့အပြင်ကနေဒါသံရုံး ဘက်ကလည်း၅ယောက်လောက်လည်း အလားတူ နားမကြားရတဲ့လက္ခဏာ ခံစားရပါတယ်။အခုအခါ သံတမန် အတော်များများဟာ ဒီလိုပြဿနာဖြစ်ပြီး ဆေးကုဖို့ ကျူးဘားနိုင်ငံကနေ ထွက်ခွာခဲ့ကြပါတယ်။

တချို့ဆို ရေရှည်အတော် နားမကြားတဲ့ရောဂါ သိသိသာသာ ခံစားနေရပါတယ်။ သံရုံးဝန်ထမ်းတွေက တိုင်ကြားလို့ ကျူးဘား အာဏာပိုင်တွေက ဘာကြောင့်ဖြစ်ရတယ်ဆိုတာစုံစမ်းနေချိန်မျိုးမှာ အခုပြဿနာ ဆက်ဖြစ်ပွားနေတာ စဉ်းစားစရာ ဖြစ်နေပါတယ်။

အခုအခါ အမေရိကန် ကနေဒါနဲ့ ကျူးဘားတို့ဘက်က စုံစမ်းမှုတွေ လုပ်နေကြပြီး ဟာဗားနားက သံတမန်တို့ရဲ့နေအိမ်တွေကို လုံခြုံရေး တိုးမြှင့် ချထားလျက်ရှိပါတယ်။

ဘီဘီစီသတင်းထောက် Will Grant ကတော့ အမေရိကန်တို့နဲ့ မတည့်တဲ့ တတိယနိုင်ငံတခုက လုပ်တာဖြစ်နိုင်ပြီး ဘာမှရှင်းရှင်း လင်းလင်း မသိရသေးဘူးလို့လုံခြုံရေး အကဲခတ် တွေကိုကိုးကားပြီး ပြောသွားပါတယ်။

ကျူးဘား ဘက်ကတော့ သံတမန်တွေကို သူတို့တိုက်ခိုက်တာ မဟုတ်ကြောင်း အခိုင်အမာ ငြင်းဆိုသွားပါတယ်။