ဂုရု ရာမ် ရာဟင်မ် ဆင်းဂ်ကို ဒီနေ့ အမိန့်ချမယ်

  • 27 ဩဂုတ် 2017
Image caption နောက်လိုက် သန်းချီရှိတယ်လို့ ကြွေးကြော်

အိန္ဒိယနိုင်ငံမှာ မုဒိန်းမှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ထားတဲ့ ဘာသာရေး ဆရာ ဂုရု တစ်ယောက်ကို ဒီကနေ့ တနင်္လာနေ့မှာ ပြစ်ဒဏ် ချမှတ်ဖို့ ရှိပါတယ်။

ဒါ့ကြောင့် မြောက်ပိုင်း ပြည်နယ်တွေ ဖြစ်တဲ့ ဟာရီရားနားနဲ့ ပန်ဂျပ်ဘ် ပြည်နယ်တွေမှာ လုံခြုံရေး အထူး တပ်လှန့် ထားပါတယ်။

ဂုရု ဂါမိ ရာမ် ရာဟင်မ် ဆင်းဂ် Gurmeet Ram Rahim Singh ကို အပြစ် ရှိကြောင်း ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက ဆုံးဖြတ် ခဲ့တဲ့နောက် သူ့ကို ကြည်ညိုကြသူတွေ အုံကြွ လာခဲ့ပြီး၊ လူ ၃၁ ယောက် သေဆုံး တဲ့ အထိ အဓိကရုဏ်းတွေ ဖြစ်ခဲ့ပါတယ်။

သူ့ကို အထူးတရားရုံး ဖွင့်ပြီး စစ်ခဲ့တဲ့ အကျဉ်းထောင်ရှိရာ ရိုဟ်တာ့ခ်မြို့မှာ စာသင်ကျောင်း တွေ၊ ကောလိပ်တွေ အားလုံး ပိတ်ထားပြီး မြို့သူမြို့သားတွေ အပြင် မထွက်ဖို့ အာဏာပိုင် တွေက သတိ ပေးထားပါတယ်။

နောက်လိုက်နောက်ပါ သန်းချီရှိတယ်လို့ ကြွေးကြော်ထားတဲ့ အဲဒီ ဂုရုဟာ အနည်းဆုံး ထောင်ဒဏ် ၇ နှစ်ကနေ အများဆုံး ထောင် တစ်သက် အထိ ကျဖွယ်ရာ ရှိပါတယ်။