မက္ကဆီကို မြောက်ကိုရီးယားသံကို နှင်ထုတ်

  • 7 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် STR
Image caption မြောက်ကိုရီးယားရဲ့ အဏုမြူ စမ်းသပ်မှုကို လုံးဝ ရှုတ်ချ

မက္ကဆီကိုက မြောက်ကိုရီးယား သံအမတ်ကို ၃ ရက်အတွင်း နိုင်ငံက ထွက်သွားဖို့ ပြောကြား လိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ မကြာခင်က အဏုမြူ စမ်းသပ်မှုကို လုံးဝ ရှုတ်ချလိုက်ပြီး ဒါဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရုံသာမက မက္ကဆီကိုရဲ့ မဟာမိတ် ဂျပန်နဲ့ တောင်ကိုရီးယား ကိုပါ ခြိမ်းခြောက် နေတယ်လို့ မက္ကဆီကို နိုင်ငံခြားရေး ရုံးက ထုတ်ပြန် လိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာလည်း မြောက်ကိုရီးယားကို ရေနံနဲ့ ဓာတ်ငွေ့ တင်သွင်းမှု ပိတ်ဆို့ ဒဏ်ခတ်ဖို့ အတွက် တနင်္လာနေ့မှာ မဲခွဲကြမှာပါ။

အရင်လက အမေရိကန် ဒုသမ္မတ မိုက်ပန့်စ်ရဲ့ ခရီးစဉ်မှာ မက္ကဆီကို၊ ပီရူးနဲ့ ဘရာဇီး၊ ချီလီနိုင်ငံတွေကို မြောက်ကိုရီးယားနဲ့ အဆက်အသွယ် ဖြတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ