ကာတလန်ပြည်နယ် လွတ်လပ်ရေး ဆန္ဒခံယူပွဲကို စပိန်အာဏာပိုင်ဟန့်တားဖို့ပြင်ဆင်

  • 13 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မဲထည့်မဲ့ စာရွက်နဲ့ မဲပုံးနဲ့အတူတွေ့ရတဲ့ ဂွါဒီယိုလာ

စပိန်နိုင်ငံ ကာတလန်ပြည်နယ်မှာ လုံးဝ လွတ်လပ်ရေးရယူမလားဆိုပြီး လူထုဆန္ဒခံယူပွဲလှုပ်ရှားမှု ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဆောင်ပုဒ်နဲ့ ပစ္စည်းမှန်သမျှ သိမ်းယူဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အစိုးရ ရှေ့နေရုံးက အမိန့်ပေးလိုက်ပါတယ်။

အဲဒီအမိန့်ကြောင့် ဆန္ဒခံယူပွဲမှာ အသုံးပြုဖို့ စီစဉ်ထားတဲ့ မဲပြားတွေ ခံယူပွဲအတွက် နှိုးဆော်ချက် စာရွက်စာတမ်းတွေ သိမ်းယူခွင့်ရှိပါတယ်။

ကာတလန်အစိုးရကတော့ လူထုဆန္ဒခံယူပွဲကို စီစဉ်ထားတဲ့အတိုင်း လာမဲ့ အောက်တိုဘာလ ၁ ရက်နေ့မှာ ကျင်းပသွားမယ်လို့ ပြောပါတယ်။

မန်ချက်စတာ စီးတီးဘောလုံးအသင်းရဲ့ နည်းပြဖြစ်ပြီး ကာတလန်ဒေသအခြေစိုက် ဘာစီလိုနာ အသင်းရဲ့ ဂန္တဝင် ကစားသမားဖြစ်တဲ့ ဂွာဒီယိုလာကတော့ စပိန်အာဏာပိုင်တွေက သူတို့ကို ခွဲထွက်ရေး အလိုမရှိသည့်တိုင် ဆန္ဒခံယူပွဲမှာ မဲထည့်သွားမယ်လို့ ပြောဆိုထားပါတယ်။