၂၀၀၆ ခုနှစ် ကတည်းက မကျင်းပနိုင်တဲ့ ပါလက်စတိုင်း ရွေးကောက်ပွဲ ကျင်းပနိုင်တော့မယ်။

  • 17 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ကာလ ရှည်ကြာ မကျင်း ပ နိုင်ခဲ့တဲ့ ပါလက်စတိုင်း ရွေးကောက်ပွဲ ကို ကျင်းပ နိုင်မယ်

ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ် နဲ့ ကာလ ရှည်ကြာ အားပြိုင် လှုပ်ရှား နေတဲ့ ဖာတာ လှုပ်ရှား မှု ကို အဆုံးသတ် နိုင်ဖို့ ဂါဇာမှာ ရွေးကောက် ပွဲ ကျင်းပ သွားမယ်လို့ ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့ကြီး ဟားမတ်စ်က ထုတ်ဖော် ကြေညာ လိုက်ပါတယ်။

အီဂျစ် တာဝန် ရှိသူတွေ နဲ့ ဟားမတ် အဖွဲ့ တာဝန် ရှိသူတွေ ကိုင်ရို မြို့မှာ ဆွေးနွေး ခဲ့ပြီးနောက်မှာ ဂါဇာမှာ ၂၀၀၆ ခုနှစ်ကတည်း က ကာလ ရှည်ကြာ မကျင်း ပ နိုင်ခဲ့တဲ့ ပါလက်စတိုင်း ရွေးကောက်ပွဲ ကို ကျင်းပ နိုင်တော့မှာ ဖြစ်ပါတယ်။

နောက်ပြီး ဂါဇာ အရေး အတွက် ဖာတာ အဖွဲ့ နဲ့ ဆွေးနွေး သွားမယ်လို့ ဟားမတ်စ် ဘက်က ထုတ်ဖော် ပြောကြား ပါတယ်။ ဒါကို ဖာတာ လှုပ်ရှားမှု အဖွဲ့ ဘက်ကလည်း ကြိုဆို လိုက်ပြီး ကောင်းမွန်တဲ့ ရလဒ် ထွက်ပေါ် ဖို့ မျှော်မှန်း နေပါတယ်။

ဂါဇာ ကို ထိန်းချုပ် ထားတဲ့ ဟားမတ်စ် လက်နက်ကိုင် အဖွဲ့ ကို ဖာတာ လှုပ်ရှားမှု က ဆန့်ကျင် နေတာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် ကတည်း က ဒီအဖွဲ့ နှစ်ခု အကြားမှာ အကြိမ်ကြိမ် ပေါင်းစည်းဖို့ ကြိုးစားပေမယ့် မအောင်မမြင် ဖြစ်နေရတာလည်း ဖြစ်ပါတယ်။

အခုလို ကြေညာ ရတာကလည်း ဟားမတ်စ် ကို စီးပွားရေး နဲ့ နိုင်ငံရေး အရ နိုင်ငံတကာ က ဖိအား ပေးတာတွေကြောင့် ဖြစ်နိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ် နေပါတယ်။