ကင်မ် ဂျုံ-အွမ်းရဲ့ တိုက်ရိုက် သဘောထား ကြုံတောင့်ကြုံခဲ ထွက်လာ

  • 22 စက်တင်ဘာ 2017
Image caption စကားလုံး စစ်ပွဲ ပြင်းထန်နေ

ရူးသွပ်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပြောစကားတွေ ကြားရတဲ့ အခါ သူ့ အနေနဲ့ မြောက်ကိုရီးယား အတွက် လက်နက်တွေ တီထွင် ထုတ်လုပ်တာ မှန်ကန်ကြောင်း ပိုပြီး သေချာ လာတယ်လို့ ကင်မ် ဂျုံ-အွမ်းက ပြောပါတယ်။

ထရမ့်က မြောက်ကိုရီးယားကို အလုံးစုံ ဖျက်စီးပစ်မယ် ဆိုတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောဆိုခဲ့မှု အတွက် ကောင်းကောင်း ပြန်ပြီး ပေးဆပ်ရမယ်လို့ ကင်မ် ဂျုံ-အွမ်းရဲ့ ရှားတောင့်ရှားပါး ထုတ်ပြန်တဲ့ ပုဂ္ဂလိက သဘောထား ပြောဆိုချက်ထဲ ပါဝင် နေပါတယ်။

ထရမ့်က သူ့နဲ့ သူ့တိုင်းပြည် တည်ရှိမှုကို ကမ္ဘာ့ ရှေ့မှောက်မှာ ခြိမ်းခြောက်ခဲ့တယ်၊ သမိုင်းမှာ ကြောက်စရာ အကောင်းဆုံး စစ်ကြေညာမှု ဖြစ်တဲ့ သု့နိုင်ငံကို ဖျက်ဆီးပစ်မယ်လို့ ပြောခဲ့တယ်၊ သူတို့ ဘက်ကလည်း အသေအချာ စဉ်းစားပြီး အပြင်းထန်ဆုံး တန်ပြန်မယ်လို့ ကင်မ် ဂျုံ-အွမ်းက ဆိုပါတယ်။

မစ္စတာ ထရမ့်ကလည်း သူ အရူးလို့ ခေါ်ခံရတဲ့ အခါ ကင်မ် ဂျုံ-အွမ်းကို အရူးလို့ တန်ပြန် သမုတ်ကာ၊ ဘယ်တုန်းကမှ မကြုံခဲ့ဖူးတဲ့ အတိုင်းအတာနဲ့ စမ်းသပ် ရလိမ့်မယ် ဆိုပြီး တုံ့ပြန် ပါတယ်။

အခုလို မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား စကားလုံး စစ်ပွဲ ပြင်းထန်နေတဲ့ အခြေအနေဟာ အင်မတန် ထိလွယ် ရှလွယ် ဖြစ်ပြီး၊ ရှုပ်ထွေး နေတယ်လို့ တရုတ်က သတိပေးပါတယ်။

ပါဝင်ပတ်သက် နေသူတွေ အားလုံး တစ်ဦးနဲ့တစ်ဦး ရန်စ ကျူးလွန်မယ့် အစား ဆင်ဆင်ခြင်ခြင် ပြုမူကြပါ ဆိုပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ လူကန်းက ဆိုပါတယ်။

အခုလို တင်းမာနေတဲ့ အခြေအနေအပေါ် စိုးရိမ်ကြောင်း ရုရှားကလည်း ပြောနေပါတယ်။