သူပုန်ဒေသကို ဆီးရီးယား နဲ့ ရုရှား လေကြောင်းထိုးစစ်ဆင်

  • 29 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption အပျက်အစီးတွေကြားက ဆီးရီးယား ပြည်သူတွေ

ဆီးရီးယား အနောက်မြောက်ပိုင်း သူပုန်ထိန်းချုပ်ရာ Idlib ပြည်နယ်က မြို့တမြို့ပေါ်ကို လေကြောင်းက ပစ်ခတ် တိုက်ခိုက်ခဲ့လို့ ကလေးတွေ အပါအဝင် ဆယ်ဂဏန်းနဲ့ချီရှိတဲ့ လူတွေ သေဆုံးသွားတယ်လို့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

Arminaz မြို့က လာတဲ့ သတင်းနဲ့ ဗွီဒီယိုတွေ အရ ဆီးရီးယား ဒါမှမဟုတ် ရုရှား လေယာဉ်တွေရဲ့ လေကြောင်းက အပြင်းအထန် တိုက်ခိုက်ခံရပြီးနောက် အပျက်အစီးပုံ အောက်က အော်ငိုနေတဲ့ သမီးငယ်လေးကို ဖခင်ဖြစ်သူက ကြိုးစား ဆွဲထုတ်နေတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဆယ်ရက်အတွင်း Hama မြောက်ပိုင်း နဲ့ Idlib ပြည်နယ်တွေကို ဆီးရီးယားနဲ့ သူ့ရဲ့ မိတ်ဖက် ရုရှား တို့က လေကြောင်းကနေ ထိုးစစ်တွေ ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။

ဒီလို လေကြောင်းကနေ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ဒေသန္တရ ဆေးရုံ အတော်များများကို ပိတ်ပစ်ခဲ့ရပြီး ဒဏ်ရာရသူတွေကို ဆေးကုသပေးဖို့ အခွင့်အရေးလည်း မရှိဘဲ ထားရတယ်လို့ နယ်စည်းမထား ဆေးကုသရေး ပရဟိတ အဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ