လူသားစားတဲ့ အိန္ဒိယကျားမ သေမိန့်ချခံရ

  • 14 အောက်တိုဘာ 2017
Image caption လူလေးယောက်ကို သေစေခဲ့တဲ့ နှစ်နှစ်အရွယ် ကျားမ

နှစ်နှစ်သားအရွယ်ရှိတဲ့ ကျားမ တစ်ကောင်ဟာ လူလေးဦးကို သေအောင်ကိုက်သတ်ခဲ့တဲ့အတွက် အဲ့ဒီကျားမကို သေဒဏ်ချမှတ်ဖို့ အိန္ဒိယနိုင်ငံရဲ့ အနောက်ဘက်ပိုင်းမှာရှိတဲ့ မဟာရာဂျာ ပြည်နယ်က တရားရုံးတခုမှာအတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဒီကျားမဟာ အခုလို သတ်ပစ်ဖို့ အမိန့်အတည်မပြုခင်က မဟာရာဂျာပြည်နယ်၊ ဘရာမာ့ပူရီမြို့က လူနှစ်ဦးကို သတ်ဖြတ်ပြီး လူလေးဦးကိုဒဏ်ရာရစေတဲ့အထိလုပ်ခဲ့ပါသေးတယ်။

ကျားမကို သတ်ပစ်ဖို့ ပြည်နယ်သစ်တောဌာနရဲ့အမိန့်ကို တောရိုင်းတိရစ္ဆာန်ကာကွယ်ရေး တက်ကြွ လှုပ်ရှားသူတွေက အယူခံဝင်ခဲ့ကြပါတယ်။

ဒါကြောင့် သူမကို ကျားထိန်းသိမ်းရေးဧရိယာမှာ ပြောင်းပြီးထားခဲ့ပေမဲ့ နောက်ထပ်လူနှစ်ဦးကို ထပ်မံ သတ်ဖြတ်ခဲ့ပါတယ်။ လူလေးဦးကိုသေဆုံးစေပြီးတဲ့နောက်မှာတော့ သူမကို ပစ်သတ်ဖို့အမိန့်ချလိုက်ပါတယ်။

အခုလို အမိန့် ချမှတ်လိုက်တာကို ဆန့်ကျင်ကန့်ကွက်နေတဲ့ ဒေါက်တာ ဂျယ်ရိုးလ် ဘားနိတ်က သူ့အနေနဲ့ အိန္ဒိယတရားရုံးချုပ်ရဲ့ ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်သွားဦးမှာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

တိရစ္ဆာန် အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ကျားမကို မေ့ဆေးပေးပြီးအခြားတနေရာကို ပြောင်းရွှေ့ပေးဖို့ အပြင်းအထန် တောင်းဆိုနေကြပါတယ်။

ဒါပေမဲ့လည်း အဲ့ဒီပြည်နယ်ထဲက ဒေသခံတွေကတော့ ကျားဆိုးရဲ့အန္တရာယ်ကို စိုးရိမ်ကြောက်လန့်မှုက ပိုပိုတိုးလာနေပါတယ်။

ကမ္ဘာ့ ကျားကောင်ရေရဲ့ ၆၀ ရာခိုင်နှုန်းဟာ အိန္ဒိယမှာရှိနေတာပါ။