ဂျော့ဆိုးရော့စ် ဘီလျံနဲ့ချီလှူ

  • 18 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဟန်ဂေရီ နိုင်ငံဖွား ဘီလျံနာသူဌေးကြီး ဂျော့ဆိုးရော့စ်

ပရဟိတ အလှူရှင် ဟန်ဂေရီ နိုင်ငံဖွား ဘီလျံနာသူဌေးကြီး ဂျော့ဆိုးရော့စ် က ဒီမိုကရေဒီနဲ့ လူ့အခွင့်အရေး တိုးမြှင့် ဖော်ဆောင်ရာမှာ ကူညီဖို့ ဖွဲ့စည်းထားတဲ့ သူ့ရဲ့ ပရဟိတအဖွဲ့ကို အမေရိကန် ဒေါ်လာ ၁၈ ဘီလျံ လွှဲပြောင်း ပေးလိုက်ပါတယ်။

အခုဆို မစ္စတာ ဆိုးရော့စ်ရဲ့ အိုးပင်း ဆိုဆိုက်ယတီ ဖောင်ဒေးရှင်း ဟာ မိုက်ကရိုဆော့ဖ် သူဌေးကြီး ဘီလ်ဂိတ်နဲ့ ဇနီး မယ်လင်ဒါတို့ရဲ့ ဂိတ်စ် ဖောင်ဒေးရှင်း ပရဟိတ အဖွဲ့ပြီးရင် အမေရိကန်မှာ ဒုတိယ အချမ်းသာဆုံး ပရဟိတ အဖွဲ့ ဖြစ်ပါတယ်။

မစ္စတာ ဆိုးရော့စ် က သူ့ရဲ့ ကြွယ်ဝမှု အများစုကို သူ့ပရဟိတ အဖွဲ့ကို ပေးဖို့ စီစဉ်ထားတယ်လို့ အဖွဲ့ ပြောခွင့်ရ အမျိုးသမီး Laura Silber က ပြောပါတယ်။

အိုးပင်း ဆိုဆိုက်ယတီ အဖွဲ့ဟာ မြန်မာ့ ပညာရေး ပြုပြင် ပြောင်းလဲဖို့ ရန်ကုန် နဲ့ မန္တလေးတက္ကသိုလ်တွေ ပြုပြင်ရေးမှာ အဓိက ပါဝင် ကူညီနေတဲ့ အဖွဲ့ ဖြစ်သလို မြန်မာ နိုင်ငံ ဒီမိုကရေစီ ပြောင်းလဲရေး အတွက် အဖွဲ့အစည်းတွေ ကို နှစ်ပေါင်းများစွာ ထောက်ပံ့ ကူညီလာတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။