ဆော်ဒီ လက်ဘနွန် အရေး ဖြေရှင်းဖို့ ပြင်သစ် သမ္မတ သွားမယ်

  • 9 နိုဝင်ဘာ 2017
Image caption ဟဇ်ဘိုလာ သူပုန်တွေ တွေဟာ ဆော်ဒီ မြို့တော် ယီယဒ် ကို တိုက်ခိုက်ဖို့ ကြိးစား ခဲ့တယ်ဆိုပြီး ဆော်ဒီ ဘက်က စွပ်စွဲ ထား

လက်ဘနွန် နိုင်ငံ မှာ လက်တလော ဖြစ်နေတဲ့ အကျပ် အတည်းတွေ နဲ့ ပတ်သက်ပြီး ဆော်ဒီအာရေးဘီးယား နဲ့ ဆွေးနွေး ဖို့ ပြင်သစ် သမ္မတ အီမန် နျူရယ် မာခွန်း ဟာ ဆော်ဒီ နိုင်ငံ ကို ကြိုတင် စီစဉ် ထားခြင်း မရှိဘဲ သွားရောက် မှာ ဖြစ်ပါတယ်။

လက်ဘနွန် မှာ အခြေစိုက်တဲ့ အီရန် အထောက်ပံ့ခံ ဟဇ်ဘိုလာ သူပုန်တွေ တွေဟာ ဆော်ဒီ မြို့တော် ယီယဒ် ကို တိုက်ခိုက်ဖို့ ကြိးစား ခဲ့တယ်ဆိုပြီး ဆော်ဒီ ဘက်က စွပ်စွဲ ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ က လက်ဘနွန် ဝန်ကြီးချုပ် ဆတ် ဟာရီရီ ဟာ သူ့ အသက်ကို ရန်ရှာ သူတွေ ရှိနေတယ်ဆိုပြီး ရာထူး တာဝန် ကနေ နှုတ်ထွက် ထားပါတယ်။ လက်ဘနွန် လွှတ်တော် က ဟစ်ဘိုဘာ အမတ် ဖြစ်တဲ့ ဟူစိန် ဖာဒဲလား ကတော့ ဆော်ဒီ အနေနဲ့ လက်ဘနွန် နိုင်ငံရေး ကို ဝင်မရှုပ်ဖို့ ပြောပါတယ်။

ဆော်ဒီ အာရေးဘီးယား အနေနဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ ကိစ္စတွေ ထဲမှာ ဝင်မပါသင့်ပါဘူး။ သူ့ရဲ့ ရန်လိုမှုတွေကို အဆုံးသတ်ဖို့ တိုက်တွန်းပါတယ်လို့လည်း သူက ဆိုပါတယ်။

ဆော်ဒီ နိုင်ငံသား တွေ လက်ဘနွန် က အမြန်ဆုံး ထွက်ခွာဖို့ နဲ့ အဲဒီ့ ကို ခရီးမသွားဖို့ ဆော်ဒီ အာဏာပိုင်တွေက တိုက်တွန်း ထားပါတယ်။ ဆော်ဒီ အာရေးဘီးယား နဲ့ အီရန် တို့ ရဲ့ ၂ နိုင်ငံ အားပြိုင်မှု ကြားထဲ ကို လက်ဘနွန် နိုင်ငံ ကျရောက်နေပြီ လို့ နိုင်ငံရေး ကျွမ်းကျင် သူတွေက သုံးသပ် နေကြပါတယ်။