တိဗက်အရေးကြောင့် တရုတ်ဂျာမန်ဘောပွဲရပ်

  • 26 နိုဝင်ဘာ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption တိဗက် အရေးကြောင့် ဂျာမနီက တရုတ် ဘောလုံးပွဲတွေ ရပ်ဆိုင်း

တိဗက်ဒေသနဲ့ ပတ်သက်တဲ့ နိုင်ငံရေး အငြင်းပွားမှုကြောင့် ဂျာမနီတလွှားမှာ လှည့်ပြီး ချစ်ကြည်ရေး ကန်နေတဲ့ အသက်နှစ်ဆယ်အောက် တရုတ်ဘောလုံးအဖွဲ့ရဲ့ ကစားပွဲတွေကို ရပ်ဆိုင်းထားလိုက်ပါတယ်။

ဂျာမန် ပွဲကြည့်ပရိသက်တချို့က တိဗက် အလံတွေ ဝှေ့ယမ်းကိုင်ဆောင် ဆန္ဒပြခဲ့တာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပွဲစဉ်အတွင်း တရုတ် ကစားသမားတွေ ကွင်းထဲက ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

တိဗက် ဒေသကို သူတို့အပိုင်လို့ တရုတ်က မှတ်ယူထားတာကြောင့် ဒီဒေသဟာ သီးခြား လွတ်လပ်တယ် ဆိုတဲ့ ဘယ်ပြောဆိုမှုမျိုးကို မဆိုတရုတ် အရာရှိတွေ ဒေါသတကြီး တုန့်ပြန်လေ့ရှိတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၅ရက်နေ့ မနေ့က ဖရန့်ဖက် မှာ ကန်မယ့် ပွဲ အပါအ၀င် အခုနှစ်အတွင်း ကစားပွဲ သုံးကြိမ်ရှိပေမယ့် တိဗက်အရေး ဆန္ဒပြဖို့ ဘောလုံးပရိတ်သက်က စီစဉ်ထားတာကြောင့် နောက်ကန်မယ့်ပွဲတွေကို ဖျက်သိမ်းလိုက် တာ ဖြစ်ပါတယ်။