ခရိုအက် ဗိုလ်ချုပ်ကြီး အဆိပ်သောက် သေ

  • 29 နိုဝင်ဘာ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ခရိုအက် ဗိုလ်ချုပ်ကြီး Slobodan Praljak

ယူဂိုဆလားဗီးယား ပြည်ထောင်စုဟောင်းမှာ ဖြစ်ပွားခဲ့တဲ့ ရာဇ၀တ်မှုတွေကို စိစစ် စစ်ဆေးနေတဲ့ နိုင်ငံတကာ ရာဇ၀တ်မှု တရားရုံးမှာ အယူခံမှုကို လာရောက် ရင်ဆိုင်နေတဲ့ ဘော့စနီးယား ခရိုအက် လူမျိုး ၆ ဦးထဲက တဦး ဟာ အဆိပ်သောက် သေဆုံးခဲ့ပါတယ်။

တရားရုံးက သူ့ကို ထောင်ဒဏ် အနှစ် ၂ဝ အပြစ်ပေး ထားတာကို အတည်ပြု လိုက်ပြီးတဲ့နောက် ခရိုအက် ဗိုလ်ချုပ်ကြီး Slobodan Praljak က ဆေးရည်တချို့ သောက်ခဲ့ပါတယ်။

တရားရုံးထဲမှာ သူဟာ ရာဇဝတ်ကောင် မဟုတ်ဘူး ဆိုပြီး ကြေညာပြီး အဆိပ်သောက် ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် တရားရုံးက တရားစီရင်တာ ရုတ်တရက် ရပ်ဆိုင်းလိုက်ပါတယ်။

မလာဒစ်ချ်ကို ထောင်ဒဏ်တစ်သက် အမိန့်ချ

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရတ်ကို မလာဒစ်ချ်ကို တသက်အမိန့်ချ

ဒီအဖြစ်အပျက်ကြောင့် တရားရုံးထဲမှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်ခဲ့ပြီး အရေးပေါ် ကားလည်း ရောက်ရှိခဲ့တယ်လို့ အဲဒီ့ကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

သူ့ကို ဆေးကုသမှုတွေ လုပ်ပေးပေမယ့် ဆေးရုံမှာ သေဆုံးသွားကြောင်း ခုံရုံးက အတည်ပြုပါတယ်။

၁၉၉ဝ ဝန်းကျင် ကာလတုန်းက ဘော့စနီးယား မွတ်စလင် အမျိုးသားတွေကို စစ်ပွဲအတွင်းမှာ လူမျိုးရေး ရှင်းလင်းမှုတွေ ကျူးလွန်ခဲ့တဲ့ လူ ၆ ဦး တရားရုံးမှာ အယူခံဝင်တာကိုလည်း တရားသူကြီးတွေက မူလ ပြစ်ဒဏ် အတိုင်းပဲ ဆက်ပြီး ထားရှိခဲ့ကြပါတယ်။