မြောက်ကိုရီးယားနဲ့ အဆက်ဖြတ်ဖို့ ကန်တိုက်တွန်း

  • 30 နိုဝင်ဘာ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption မ္ဘာ့နိုင်ငံတွေအားလုံး မြောက်ကိုရီးယားနိုင်ငံနဲ့ သံတမန်ရေး၊ ကုန်သွယ်ရေး အဆက်အသွယ်တွေ ဖြတ်ကြဖို့ တိုက်တွန်း

ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် Nikki Haleyက တကယ်လို့ စစ်ဖြစ်လာခဲ့ရင် မြောက်ကိုရီးယားနိုင်ငံကို လုံးဝ ချေမှုန်းပစ်မယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းကို သတိပေးလိုက်ပါတယ်။

နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေးမှာ Ms Haley က ကမ္ဘာ့နိုင်ငံတွေအားလုံး မြောက်ကိုရီးယားနိုင်ငံနဲ့ သံတမန်ရေး၊ ကုန်သွယ်ရေး အဆက်အသွယ်တွေ ဖြတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ အခုနောက်ဆုံး တိုက်ချင်းပစ် မစ်ဆိုင်းဒုံးကျည် လွှတ်တင်ခဲ့မှု ကိစ္စအကြောင်း အမေရိကန် သမ္မတ ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင်ပင်း တို့ ဆွေးနွေး ပြောခဲ့စဉ်မှာလည်း တရုတ်အစိုးရအနေနဲ့ မြောက်ကိုရီးယားကို ရေနံစိမ်း တင်ပို့နေမှုကို ဖြတ်တောက်ဖို့ သမ္မတ ရှီကျင်းပင်ကို သမ္မတ ထရမ့်က တိုက်တွန်းပြောဆိုခဲ့တယ်လို့ Ms Haley က ပြောပါတယ်။

မြောက်ကိုရီးယားအပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်မယ်လို့ သမ္မတ ထရမ့်က အစောပိုင်းတုန်းက ပြောခဲ့ပါတယ်။