ဂျေရုဆလင်ကို အမေရိကန်သံရုံး မရွှေ့ဖို့ တောင်းဆို

  • 5 ဒီဇင်ဘာ 2017
Image caption ပါလက်စတိုင်း နိုင်ငံသစ် ဖြစ်ထွန်းလာရင် အရှေ့ ဂျေရုဆလင်ကို မြို့တော် အဖြစ် သတ်မှတ်မယ်လို့ ကြေညာ ထား

အစ္စရေး နိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးကို ဂျေရုဆလင်မြို့မှာ ပြောင်းရွှေ့ ထားရှိလာမယ် ဆိုရင် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ထိခိုက် သွားလိမ့်မယ် ဆိုပြီး ပါလက်စတိုင်း၊ အီဂျစ် နဲ့ ဂျော်ဒန် ခေါင်းဆောင်တွေက သမ္မတ ထရမ့်ကို သတိပေး ပြောဆို လိုက်ပါတယ်။

သမ္မတထရမ့် အနေနဲ့ ဂျေရူဆလင်မ်ကို အစ္စရေးရဲ့ မြို့တော် အဖြစ် အသိအမှတ် ပြုလာဖွယ် ရှိတယ် ဆိုတဲ့ ခန့်မှန်း ပြောဆိုမှုတွေ ထွက်နေချိန်မှာပဲ အဲဒီ အရှေ့အလယ်ပိုင်း ခေါင်းဆောင် ၃ ယောက် ထံကို သမ္မတ ထရမ့်က ဖုန်းနဲ့ ဆက်သွယ်ပြီး သံရုံး ပြောင်းရွှေ့လိုတဲ့ သူ့ရဲ့ ဆန္ဒကို အသိပေး ခဲ့ပါတယ်။

ဂျေရူဆလင်မ်ကို အမေရိကန်သံရုံး ရွှေ့မယ် ဆိုတဲ့ ထရမ့်ရဲ့ အငြင်းပွားဖွယ် အစီအစဉ် အပေါ် နိုင်ငံတကာ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် တိုးမြင့် လာနေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အစ္စရေးနဲ့ ပါလက်စတိုင်း တို့အကြား ၂ ပြည်ထောင်မူနဲ့ ငြိမ်းချမ်းရေး ရဖို့ မလွယ်
Image caption ထရမ့်ရဲ့ အငြင်းပွားဖွယ် အစီအစဉ် အပေါ် နိုင်ငံတကာ ဝေဖန်

ဂျေရုဆလင်ကို အစ္စရေးက သူတို့ရဲ့ မြို့တော်အဖြစ် အမြဲ သဘောထား နေခဲ့ပြီး ပါလက်စတိုင်း တွေကတော့ သူတို့ ကိုယ်ပိုင် နိုင်ငံသစ် ဖြစ်ထွန်းလာရင် အရှေ့ ဂျေရုဆလင်ကို မြို့တော် အဖြစ် သတ်မှတ်မယ်လို့ ကြေညာ ထားပါတယ်။

တကယ်လို့သာ ဂျေရုဆလင်ကို အစ္စရေးရဲ့ မြို့တော် အဖြစ် အမေရိကန်က အသိအမှတ် ပြုလာမယ် ဆိုရင် အစ္စရေးနဲ့ကြား ထားရှိတဲ့ အဆက်အဆံ အားလုံး ဖြတ်တောက် ပစ်မယ်လို့ တူရကီ သမ္မတ ရာဂျစ် တိုင်ရိ(ပ်) အာဒိုအန် ကလည်း သတိပေး ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အစ္စရေးနဲ့ ပါလက်စတိုင်း ငြိမ်းချမ်းရေး ရဖို့ သမ္မတထရမ့် ကြိုးစားမယ်