အာဆတ် ဆင်းပေးရေး ဆီးရီးယား လက်မခံ

  • 14 ဒီဇင်ဘာ 2017
Image caption အစိုးရဘက်ခြမ်းကို ဒီ မစ္စတူရာ စိတ်ပျက်

ဆီးရီးယား ငြိမ်းချမ်းရေး အတွက် ကုလသမဂ္ဂ အစီအစဉ်နဲ့ ပြုလုပ်တဲ့ ဂျနီဗာမြို့ ဆွေးနွေးပွဲတွေ အခု တစ်ကြိမ် ထပ်ပြီး ကျင်းပခဲ့ ပေမယ့်လည်း တိုးတက်မှု တစုံတရာ မရရှိပဲ ပြီးဆုံး သွားပါတယ်။

ဆီးရီး အစိုးရဘက်ကရော၊ အတိုက်အခံ ကိုယ်စားလှယ်တွေ ကရော တစ်ဘက်နဲ့တစ်ဘက် အပေးအယူလုပ် ညှိနှိုင်းတာမျိုးတွေ တကယ်တမ်း မလုပ်ဆောင် ခဲ့ကြဘူး ဆိုပြီး ဆီးရီးယား အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် စတယ်ဖန် ဒီ မစ္စတူရာက အပြစ်တင်ပါတယ်။

ဒါ့ကြောင့် အင်မတန် ကောင်းမွန်တဲ့ အခွင့်အလမ်းတစ်ရပ် လက်လွှတ် ဆုံးရှုံး သွားကြတယ် လို့လည်း မစ္စတာ ဒီ မစ္စတူရာက ဆိုပါတယ်။

Image caption အာဆတ် သမ္မတ နေရာကနေ ဆင်းပေးရမယ်လို့ အတိုက်အခံတွေက တောင်းဆို

ဆီးရီးယား အစိုးရဘက်ခြမ်းက အပြုအမူတွေ အပေါ် မစ္စတာ ဒီ မစ္စတူရာ အနေနဲ့ ပိုပြီး စိတ်ပျက်နေပုံ ရပါတယ်။

သမ္မတ ဘရှား အယ်လ် အာဆတ် သမ္မတ နေရာကနေ ဆင်းပေးရမယ်လို့ အတိုက်အခံတွေက ဆက်ပြီး တောင်းဆိုနေရင် ဆွေးနွေးပွဲ ပျက်သွားမယ်လို့ အစိုးရ ကိုယ်စားလှယ်တွေက ဆိုပါတယ်။

အတိုက်အခံတွေကတော့ ဆီးရီးယား အနာဂတ် နိုင်ငံရေးမှာ သမ္မတ အာဆတ်ကို ဆက်ပြီး ပါဝင်ခွင့် မပေးမှသာ တကယ်တမ်း အပြောင်းအလဲ ဖြစ်နိုင်မယ် ဆိုပြီး ရပ်တည် နေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အမေရိကန်က ဆီးရီးယား အစိုးရကို ဓာတုလက်နက်တွေသုံးတယ်ဆိုရင် တိုက်ခိုက်ခံရမယ်လို့ သတိပေး

ဆက်စပ် အကြောင်းအရာများ