ပင်တဂွန်က ပန်းကန်ပြားပျံသုတေသနလုပ်နေ

  • 16 ဒီဇင်ဘာ 2017
Image caption ၂၀၀၈ ခုနှစ်တုန်းက ဗြိတိန်နိုင်ငံလန်ကတ်ရှိုင်းယားမှာ ပန်းကန်ပြားပျံလို့ ဆိုသောအရာကိုတွေ့ခဲ့ပုံ

မိုးကောင်းကင်မှာ ယူဖိုးလို့ခေါ်ကြတဲ့ အမည်မသိပျံသန်းနေတဲ့အရာတွေရဲ့ အကြောင်း စုံစမ်းစစ်ဆေးဖို့ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံထားတဲ့ လျှို့ဝှက် စီမံကိန်းတွေလုပ်နေတာ ဟုတ်မှန်တယ်လို့ ပင်တဂွန်က ၀န်ခံလိုက်ကြောင်း အမေရိကန် မီဒီယာတွေက ဆိုပါတယ်။ အမည်မသိပျံသန်းနေတဲ့ အရာတွေကို ပန်းကန်ပြားပျံလို့လည်း လူသိများကြပါတယ်။

အဲဒီစီမံကိန်းကို လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက နဗားဒါး ပြည်နယ် အထက်လွှတ်တော်အမတ်ဖြစ်ခဲ့တဲ့ ဟယ်ရီ ရိဒ် ရဲ့ ညွှန်ကြားချက်နဲ့ စတင်ခဲ့တယ်လို့ နယူးယော့က် တိုင်းမ်စ် သတင်းစာက ရေးသားဖော်ပြထားပါတယ်။

စာရွက်စာတမ်းတွေမှာ ဖော်ပြထားချက်အရ ပန်းကန်ပြားပျံတွေဟာ တွန်းကန်အားပါပုံမရဘဲ အလွန်လျင်လျင်မြန်မြန်ပျံသန်းနိုင်တာကို တွေ့ရပြီး လေထဲမှာ မျက်စိနဲ့မြင်နိုင်တဲ့ အထိန်းအကွပ်မပါဘဲ ရပ်တန့်နိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီတွေ့ရှိချက်ဆိုတာတွေကို သိပ္ပံပညာရှင်တွေကတော့ သံသယကြီးစွာရှိကြပါတယ်။ ကျိုးကြောင်းဆီလျော်စွာ ရှင်းလင်းတင်ပြနိုင်ခြင်းမရှိသေးတဲ့ အဲဒီအချက်အလက်တွေကို ကိုးကားပြီး ဂြိုဟ်သားရှိကြောင်းသက်သေပြဖို့ မဖြစ်နိုင်ဘူးလို့ သိပ္ပံပညာရှင်တွေက ဆိုကြပါတယ်။

ဆက်စပ် အကြောင်းအရာများ