ဇင်ဘာဘွေနိုင်ငံရေးမှာ စစ်ခေါင်းဆောင်တွေ ကြီးစိုးဆဲ

  • 23 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဗိုလ်ချုပ်ကြီး ကွန်စတန်တီနို ချီဝမ်းဂါဟာ ပြီးခဲ့တဲ့ တပတ်ကမှ စစ်တပ်က အနားယူထားသူဖြစ်

ဇင်ဘာဘွေနိုင်ငံမှာ အာဏာရ ဇာနုပီအက်ဖ် ပါတီရဲ့ ဒုတိယခေါင်းဆောင် နေရာကို ဗိုလ်ချုပ်ကြီး ကွန်စတန်တီနို ချီဝမ်းဂါ ကို ခန့်ထားလိုက်တဲ့အတွက် နိုင်ငံရေးမှာ စစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှုကို မြှင့်တင်လိုက်တဲ့ နောက်ထပ် ခြေလှမ်းသစ် တလှမ်းဖြစ်လာပါတယ်။

ဗိုလ်ချပ်ကြီး ချီဝမ်းဂါဟာ ပြီးခဲ့တဲ့ အပတ်ကမှ စစ်တပ်ခေါင်းဆောင် အဖြစ်က အနားယူလိုက်တာဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့လက သမ္မတဟောင်း ရောဘတ်မူဂါဘီကို ခေါင်းဆောင်နေရာက ဖယ်ရှားပြီးနောက်မှာ နောက်ထပ်စစ်ခေါင်းဆောင်တယောက်ကို အစားထိုးလိုက်တာဖြစ်ပါတယ်။

အခုလို သူ့ကိုနေရာပေးလိုက်တာဟာ နောက်တဆင့်မှာ ဒုတိယသမ္မတအဖြစ်နာမည်စာရင်းတင်သွင်းဖို့ပဲလို့ လူအများက ယူဆကြပါတယ်။

သူ့ကို ဇင်ဘာဘွေ သမ္မတသစ် အင်မာဆန် အမ်နန်ဂါဂွာ က ခန့်ထားလိုက်တာဖြစ်ပါတယ်။ အင်မာဆန် အမ်နန်ဂါဂွာ ကိုယ်တိုင်က အရင်က ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့သလို နိုင်ငံတော်လုံခြုံရေး ဝန်ကြီးလည်း ဖြစ်ခဲ့ဖူးပါတယ်။

သူ့ရဲ့ နောက်ထပ်လက်ထောက်တယောက်ဖြစ်တဲ့ ကင်ဘို မိုဟာဒီဟာလည်း အရင်က နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဟောင်း တယောက်ပဲ ဖြစ်ပါတယ်။