ကာဘူးလ်မှာ အသေခံဗုံးခွဲတိုက်ခိုက်လို့ လူ ၄၀ သေဆုံး

  • 28 ဒီဇင်ဘာ 2017
ကာဘူးလ်မှာ အသေခံဗုံးခွဲတိုက်ခိုက်လို့ လူ ၄၀ သေဆုံး ဓာတ်ပုံ မူပိုင် AFP
Image caption ကာဘူးလ်မှာ အသေခံဗုံးခွဲတိုက်ခိုက်လို့ လူ ၄၀ သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကာဘူးလ်မြို့အနောက်ဘက်ရှိ ရှီအာမွတ်ဆလင်မ်ဘာသာဝင်တွေ အများစု နေထိုင်ရာမှာ အသေခံဗုံးခွဲတိုက်ခိုက်ခံရလို့ အနည်းဆုံး လူ ၄၀ သေဆုံး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်မှုခံရပြီးနောက်မှာ ပေါက်ကွဲမှုနှစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့တယ်လို့ အာဖဂန်နစ္စတန် ပြည်ထဲရေးဝန်ကြီးဌာနက ဘီဘီစီကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုက အခုချိန်ထိ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကို ထုတ်ဖော်ပြောဆိုမှု မရှိသေးပါဘူး။

မကြာသေးတဲ့ လပိုင်းအတွင်းမှာလည်း အစ္စလာမ်မစ်တွေက နိုင်ငံတဝန်းရှိ ရှီအာမွတ်ဆလင်မ်ဘာသာဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

ခုလိုတိုက်ခိုက်ခံရပြီးချိန်မှာ ဒါဇင်ချီရှိတဲ့ ရုပ်အလောင်းတွေကို ဗုံးခွဲခံခဲ့ရတဲ့အဆောက်အအုံထဲက သယ်ယူပြီး ဆေးရုံကို တင်ဆောင်သွားတာ တွေ့ရတယ်လို့ ရှီအာမွတ်ဆလင်မ်ဘာသာဝင် သတင်းပြန်ကြားရေးအဖွဲ့က ဘီဘီစီကို ပြောပါတယ်။

အသေခံဗုံးဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတဲ့ အဲဒီအဆောက်အအုံထဲမှာ ကျောင်းသားအများအပြားဟာ မီဒီယာအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံနေကြတယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကလည်း ရှီအာမွတ်ဆလင်မ်ဘာသာဝင်တွေရဲ့ ဗလီဝတ်ပြုကျောင်းကို တိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၃၉ ယောက် သေဆုံးခဲ့ရပါတယ်။

ဆက်စပ် အကြောင်းအရာများ