ကမ္ဘာတလွှား နှစ်သစ်ကူး ကြိုဆိုမယ်

  • 31 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption နယူးဇီလန် စကိုင်းတာဝါက နှစ်သစ်ကူး ကြိုဆိုတဲ့ မီးပန်းတွေ

ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံတွေ ဖြစ်တဲ့ ကီရီဘာတီနဲ့ ဆာမိုအာတို့ဟာ ပထဝီအနေအထားအရ ကျရောက်တဲ့ အချိန်ကို မူတည်ပြီး ၂၀၁၈ ကို ပထမဆုံး ကြိုဆိုခွင့်ရတဲ့ နိုင်ငံတွေ ဖြစ်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် meihan_huang
Image caption ဆာမိုအာ ကျွန်းနိုင်ငံက နှစ်သစ်ကူးကြိုဆိုပွဲ

ဒီနိုင်ငံတွေပြီးရင်တော့ နယူးဇီလန်၊ ရုရှားဒေသတချို့နဲ့ သြစတြေးလျနိုင်ငံတို့မှာ နှစ်သစ်ကူးတဲ့ အချိန်ကျရောက်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption နယူးဇီးလန်ပြီးရင် သြစတြေးလျမှာ နှစ်သစ်ကူး

သြစတြေးလျမြို့တော် ဆစ်ဒနီက နှစ်သစ်ကူး မီးပန်းတွေကို လိင်တူလက်ထပ်မှု ဥပဒေပြဌာန်းမှုနဲ့ ပတ်သက်လို့ အမှတ်တရ သက်တန့်မီးပန်းဖောက်မှာ ဖြစ်ပြီး စင်္ကာပူမှာတော့ ဂီတသံစဉ်နဲ့အတူ ထွက်လာမယ့် အလင်းတန်းတွေနဲ့ နှစ်သစ်ကို ကြိုဆိုမှာ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံမှာတော့ နှစ်သစ်ကူး ကြိုဆိုပွဲအတွက် လုံခြုံရေးတွေ တင်းကြပ်ထားပြီး အမျိုးသမီးတွေ လုံခြုံရေး အတွက် စိတ်ချရမယ့် သီးသန့်နေရာတွေကိုပါ ထားရှိဖို့ ပြင်ဆင်ထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂျာမနီနိုင်ငံမှာ နှစ်သစ်ကူး ကြိုဆိုပွဲအတွက် အမျိုးသမီးတွေ လုံခြုံရေး အတွက် စိတ်ချရမယ့် သီးသန့်နေရာတွေ ထားရှိဖို့ ပြင်

ဂျာမနီနိုင်ငံ ကိုလုံးမြို့မှာ ပြီးခဲ့တဲ့ ၂ နှစ် နှစ်သစ်ကူး ကြိုဆိုပွဲအတွင်း ထောင်နဲ့ ချီတဲ့ အမျိုးသား လူအုပ်က အမျိုးသမီးတွေကို လိင်ပိုင်း ထိကပါး ရိကပါး လုပ်မှု ဖြစ်ပွားခဲ့တဲ့ အတွက် အခုလို စီမံနေတာ ဖြစ်ပြီး အခုလို အဖြစ်မျိုးတွေ တခြား ဂျာမနီ မြို့ကြီးတွေမှာလည်း အလားတူ ဖြစ်ခဲ့ဖူးတာပါ။

၂၀၁၈ နှစ်သစ်ကူးကို ပထဝီ အနေအထားအရ အစဉ်လိုက် ကြိုဆိုမယ့် နိုင်ငံတွေကတော့ သြစတြေးလျ ပြီးရင် ဂျပန်နဲ့ ကိုရီးယား ကျွန်းဆွယ်ဒေသ၊ တရုတ်၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ မြန်မာ၊ အိန္ဒိယတိုက် နိုင်ငံတွေ၊ အီရန်၊ ရုရှားရဲ့ မော်စကိုနဲ့ ဥရောပတလွှားနဲ့ တောင်နဲ့ မြောက် အမေရိကတိုက်က နိုင်ငံတွေအထိ ဖြစ်ကြပြီး ပစိဖိတ်သမုဒ္ဒရာအတွင်းက အမေရိကန်ပိုင် ဟာဝါယီ ကျွန်းပြီးရင် ဘိတ်ကာနဲ့ ဟောင်လန် ကျွန်းတွေက နှစ်သစ်ကို နောက် အကျဆုံး ကြိုဆိုကြမယ့် နေရာတွေ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ