တရုတ်စစ်ဗိုလ်ချုပ်ကြီးကို လာဘ်ပေးလာဘ်ယူနဲ့ တရားစွဲ

  • 10 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် Getty Images
Image caption Fengဟာ လူမြင်ကွင်းကနေ ကွယ်ပျောက်နေတာ အချိန်အတော်ကြာပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံက စစ်ဖက် ထိပ်တန်း ဗိုလ်ချုပ်ကြီးတဦးကို လာဘ်ပေးလာဘ်ယူမှုနဲ့ တရုတ် စစ်ဖက်ဆိုင်ရာ ကော်မတီက တရားစွဲဆိုဖို့ ကြိုးစားနေပါတယ်။

ဗိုလ်ချုပ်ကြီး Fang Fenghuiကို လာဘ်ပေးလာဘ်ယူမှုနဲ့ စွဲဆိုဖို့ တရုတ် လူထု လွတ်မြောက်ရေး တပ်မတော်ရဲ့ ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုရေး အဖွဲ့ထံ လွှဲပြောင်းပေးထားတယ်လို့ အစိုးရပိုင် ဆင်ဟွာသတင်းက ဖော်ပြပါတယ်။

သူနဲ့ပတ်သက်တဲ့ကောလဟလတွေ လအတော်ကြာ ထွက်ပေါ်နေပြီးတဲ့နောက် စုံစမ်း စစ်ဆေးဖို့ တာဝန်ရှိတွေက အခုလို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက ကျင်းပခဲ့တဲ့ ကွန်မြူနစ်ပါတီ ကွန်ဂရက်အစည်းအဝေးမှာ စစ်တပ် ကိုယ်စားပြု တက်ရောက်ဖို့ ဗိုလ်ချုပ်ကြီး Fangဟာ ချန်လှပ်ခံခဲ့ရပါတယ်။

Fengဟာ လူမြင်ကွင်းကနေ ကွယ်ပျောက်နေတာ အချိန်အတော်ကြာပြီဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင်က နိုင်ငံတဝန်းအကျင့်ပျက်ခြစားတဲ့ အရာရှိတွေကို အရေးယူနေပြီး ဗိုလ်ချုပ်ကြီး Fengဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ စွဲဆိုခံထားရတဲ့ နောက်ဆုံး စစ်တပ်အရာရှိတဦး ဖြစ်လာပါတယ်။

ဆက်စပ် အကြောင်းအရာများ