ရီပတ်ဘလစ်ကန် အမျိုးသား ကော်မတီ ငွေကြေးဆိုင်ရာ ဥက္ကဋ္ဌ ရာထူးက ထွက်

  • 28 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် Getty Images
Image caption စတိဖ် ဝိန်း

လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာပြီးနောက်ပိုင်း အမေရိကန် ပြည်ထောင်စု ရီပတ်ဘလစ်ကန် အမျိုးသား ကော်မတီရဲ့ ငွေကြေးဆိုင်ရာ ဥက္ကဋ္ဌ စတိဖ် ဝိန်း ရာထူးကနေ နုတ်ထွက် သွားခဲ့ပါပြီ။

သမ္မတ ထရမ့်နဲ့လည်း ရင်းနှီးပြီးတော့ ဘီလျံနာ သန်းကြွယ် သူဌေးလည်း ဖြစ် လောင်းကစား ရုံပိုင်ဆိုင်သူ တဦးလည်း ဖြစ်တဲ့ မစ္စတာ ဝိန်းဟာ သူ့ဆီမှာ အလုပ်လာလုပ်တဲ့ အမျိုးသမီးတွေကို ဆယ်စုနှစ်ပေါင်း များစွာ အတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားအနိုင်ကျင့်တာတွေ လုပ်ခဲ့တယ်လို့ အမေရိကန် သတင်းမီဒီယာတွေမှာ ရေးသားကြပါတယ်။

မစ္စတာ ဝိန်းကတော့ ဒီစွပ်စွဲမှုတွေဟာ အဓိပ္ပာယ်မရှိဘူးလို့ ပြောပြီး ငြင်းဆိုထားပါတယ်။

ဒါပေမယ့်လည်း အဲဒီ့ လိင်ပိုင်းဆိုင်ရာ စွပ်စွဲမှု တခု ပြေငြိမ်းပေးဖို့အတွက် လက်သည်း အလှဆင်တဲ့ အမျိုးသမီးတဦးကို ဒေါ်လာသန်းနဲ့ချီ ပေးခဲ့တယ်လို့ Wall Street ဂျာနယ်မှာ ရေးသားထားပါတယ်။

သူနဲ့ ကွာရှင်း ပြတ်စဲမှု လျော်ကြေးငွေ ကိစ္စရပ်နဲ့ ပတ်သက်လို့ အဆင်မပြေ ဖြစ်ခဲ့တဲ့ သူ့ဇနီးဟောင်းက ဒီစွပ်စွဲမှုတွေကို ဖွခဲ့တယ်လို့ မစ္စတာ ဝိန်းက စွပ်စွဲပြစ်တင် လိုက်ပါတယ်။

ဆက်စပ် အကြောင်းအရာများ