သမ္မတ အိမ်တော် အနီးတဝိုက် သူပုန်တွေ အသင့် နေရာယူ

  • 30 ဇန်နဝါရီ 2018
Image caption သမ္မတ နုတ်ထွက်ပေးဖို့ ရာဇသံပေးထား

ယီမင်နိုင်ငံတောင်ပိုင်းက ခွဲထွက်ရေး သူပုန်တွေဟာ နာမည်ကျော် ဆိပ်ကမ်းမြို့ အေဒင်ကို အလုံးစုံနီးပါး ထိန်းချုပ်နိုင်လိုက်ပြီ ဆိုတဲ့ သတင်းတွေ ရရှိထားပါတယ်။

အာရပ် စော်ဘွားများ ပြည်ထောင်စု ယူအေအီးက ကျောထောက်နောက်ခံ ပေးထားတဲ့ အဲဒီ လက်နက်ကိုင်တွေဟာ နိုင်ငံတကာ အသိအမှတ်ပြု ယီမင် အစိုးရ ရုံးစိုက်ထားရာ အေဒင်ကို သိမ်းပိုက် လိုက်နိုင်တာ ဖြစ်ပါတယ်။

အဲဒီ လက်နက်ကိုင်တွေဟာ သမ္မတ အိမ်တော် တဝိုက်မှာ အသင့် နေရာယူထားနှင့်ပြီး ဖြစ်ပေမယ့်၊ ခြံဝင်းထဲထိတော့ မဝင်သေးပဲ နှစ်ဘက် ဆွေးနွေးနိုင်ခွင့် ပေးထားတယ်လို့ အေဒင်က လာတဲ့ သတင်းတွေက ဆိုပါတယ်။

နှစ်ရက်ကြာ အပြင်းအထန် ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ အတွင်းမှာတော့ လူ အယောက် ၄ဝ သေဆုံး ခဲ့ရတယ် ဆိုပြီး နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ယီမင်မှာ လုံခြုံရေးပြဿနာ ပိုကြီးလာနိုင်

ဟူသီတွေကို ချေမှုန်း ခဲ့စဉ်တုန်းကတော့ အစိုးရတပ်တွေကို အကူအညီ ပေးခဲ့တဲ့ လက်နက်ကိုင်တွေဟာ အခုတော့ သမ္မတ အဗ္ဗဒရာဘူရ် မန်ဆူး ဟာဒီ အပေါ် ပြန်လည် ဆန့်ကျင့် လာတာ ဖြစ်ပြီး၊ အစိုးရ ကက်ဘိနက် ဖျက်သိမ်းပေးဖို့ တောင်းဆို နေပါတယ်။

သမ္မတ မန်ဆူး ဟာဒီကတော့ လောလောဆယ် ဆော်ဒီအာရေဗျ နိုင်ငံကို ရောက်ရှိ နေတယ်လို့ ယူဆရပါတယ်။

ယီမင် နိုင်ငံ မြောက်ပိုင်း တလွှားကတော့ ၂ဝ၁၅ ခုနှစ်ကစလို့ အီရန်က ကျောထောက် နောက်ခံ ပြုပေးထားတဲ့ ဟူသီတွေရဲ့ ထိန်းချုပ်မှုအောက် ရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ