သမိုင်းမှာ လိင်တိုက်ခိုက်မှု အကျူးလွန်ခဲ့ဆုံး စိတ္တဇသမား

  • 31 ဇန်နဝါရီ 2018
Image caption ထောင်ဒဏ် ၁၇၅ နှစ် အထိ ချမှတ်ထား

အမေရိကန် ပြည်ထောင်စုမှာ အိုလံပစ် ကျွမ်းဘားအသင်း ဆရာဝန်ဟောင်း လာရီ နာ့စ်ဆာရဲ့ လိင်ပိုင်း ကျူးလွန် တိုက်ခိုက် ခံခဲ့ရသူပေါင်းဟာ အခု သိလာရသမျှကို ၂၆၅ ယောက် ရှိသွားပြီလို့ မစ်ရှီဂန်ပြည်နယ် တရားသူကြီးက ပြောပါတယ်။

အဲဒီသူ ဝန်ခံထားတဲ့ လိင်ပိုင်း ကျူးလွန်မှု ဖြစ်ရပ် ၁ဝ ခု အတွက် သူ့ကို ထောင်ဒဏ် ၁၇၅ နှစ် အထိ ချမှတ် ထားပြီး ဖြစ်ပါတယ်။

Image caption မစ်ရှီဂန်ကလပ်အမှုအတွက် ထပ်အပြစ်ပေးမယ်

သူ ကျူးလွန်ခဲ့တယ်လို့ ဝန်ခံထားသူတွေထဲ အိုလံပစ် အားကစားမယ် တွေ အပါအဝင် အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေ ပါဝင်ပါတယ်။

မစ်ရှီဂန်ပြည်နယ်က ကျွမ်းဘားကလပ် တစ်ခုထဲမှာလည်း သူစမ်းသပ် ကြည့်ရှုပေးရတဲ့ လူနာတွေကို မဖွယ်မရာတွေ လုပ်ခဲ့မှုနဲ့ နာ့စ်ဆာ့ကို အပြစ်ဒဏ်တွေ ထပ်ဆောင်း ချမှတ်ဖို့ ရှိနေပါတယ်။

ကျွမ်းဘားမယ်တွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့မှုအတွက် အခုဆိုရင် အမေရိကန် နိုင်ငံ ကျွမ်းဘား လက်ရွေးစင် အသင်းရဲ့ အုပ်ချုပ်ရေး ဘုဒ်အဖွဲ့ဝင် အားလုံး ရာထူးက နုတ်ထွက် သွားကြပြီ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ