ဘန်ကောက်က အင်္ဂလိပ်သံရုံးကို ရောင်းတာ စံချိန်တင် စျေးရ

  • 31 ဇန်နဝါရီ 2018
Image caption အထပ်မြင့် အဆောက်အဦဆီ နေရာရွှေ့

ဗြိတိန်နိုင်ငံဟာ ထိုင်းမှာ ရှိတဲ့ သံရုံး အဆောက်အဦကို ဒေါ်လာ ၅၆၇ သန်းကျော်နဲ့ ရောင်းချလိုက်ပါတယ်။

ဒါဟာ ဗြိတိသျှ နိုင်ငံခြားရေးဌာနရဲ့ သမိုင်းမှာ ပိုင်ဆိုင်မှု ပစ္စည်းတစ်ခုကို ရောင်းရာမှာ ငွေကြေးပမာဏ အများဆုံး ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီ ဒေါ်လာ သန်း ၅ ရာကျော် ဆိုတာ နိုင်ငံခြားရေး ဌာန ရရှိတဲ့ တစ်နှစ် အသုံးစရိတ် ဘတ်ဂျက်ရဲ့ ၃ ပုံ ၁ ပုံ ပမာဏ ဖြစ်ပါတယ်။

Image caption ဝင်းထဲမှာ ထားရှိတဲ့ ဝိတိုရိယ ဘုရင်မကြီး ရုပ်ထု

ကိုလိုနီခေတ် အဆောက်အဦကို ရောင်းချလိုက်တဲ့နောက်၊ ဘန်ကောက် ဗြိတိန်သံရုံးကို အထပ်မြင့် အဆောက်အဦ တစ်ခုဆီ နေရာ ပြောင်းရွှေ့ထားပါတယ်။

ဝင်းထဲမှာ ထားရှိတဲ့ ဝိတိုရိယ ဘုရင်မကြီး ရုပ်ထုကိုတော့ ဆက်လက် ထိန်းသိမ်း ထားမှာ ဖြစ်ပါတယ်။

ဘန်ကောက်သံရုံး ရောင်းချငွေတွေကို အသုံးပြုပြီး ကမ္ဘာတလွှားက ဗြိတိန်သံရုံး တချို့ကို ပြုပြင် မွမ်းမံတာတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ