အီတလီမှာ ကားပေါ်ကနေ သေနတ်နဲ့ပစ်

  • 3 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် STRINGER
Image caption အီတလီ အလံခြုံထားသူက ပစ်

အီတလီနိုင်ငံ အလယ်ပိုင်းက မာဆာရက်တားမြို့မှာ ကားပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့သူလို့ သံသယဖြစ်စရာ လူတဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

ဒေသခံ သတင်းတွေမှာ ဖော်ပြချက်အရ အခုလို ပစ်ခတ်မှုကြောင့် လူ ၆ ယောက် ဒဏ်ရာရခဲ့ပြီး တဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

အခုလို ပစ်ခတ်ခံရသူတွေဟာ ရွှေ့ပြောင်းလာသူတွေ ဖြစ်ပြီး အများစုက အာဖရိကတိုက်က ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။

မာဆာရက်တားမြို့တော်ဝန်ကတော့ လူတွေ အိမ်ပြင် မထွက်ကြဖို့ အကြံပြုထားပါတယ်။

ပြောင်းရွှေ့သူ အယောက် ခြောက်ထောင်နီးပါး အီတလီ ကယ်ဆယ်

လူ ၅ဝဝ ပါ ဒုက္ခသည် သင်္ဘောနစ်မြုပ်လို့ အီတလီ ရေတပ်ကယ်ဆယ်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရွှေ့ပြောင်းနေထိုင်သူတွေ အီတလီကနေ ပြင်သစ်ကိုသွားနေကြ
ဓာတ်ပုံ မူပိုင် GUISEPPE BELLINI
Image caption ကားနောက်ခန်းက သေနတ်

လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ဒီမြို့နားမှာ ၁၈ နှစ် အရွယ် အီတလီ အမျိုးသမီးတဦးကို သတ်ဖြတ် ဖြတ်တောက်ပြီး အိတ်၂ လုံးထဲမှာ ထည့်ထားကို တွေ့ရှိခဲ့ရပြီး နိုင်ဂျီးရီးယားနိုင်ငံသား တဦးကို ဆက်စပ် ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ