အီတလီနိုင်ငံ မာဆာရက်တာ မြို့မှာ ဖက်ဆစ်စနစ်ကို ဆန့်ကျင်တဲ့ လူထောင်နဲ့ချီ ဆန္ဒပြ

  • 11 ဖေဖော်ဝါရီ 2018
Image caption ဖက်ဆစ်စနစ်ကို ဆန့်ကျင်သူတွေ ဆန္ဒပြ

အီတလီနိုင်ငံ မာဆာရက်တာ မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း အစွန်းရောက် လာယာစွန်းတစ်ယောက်ရဲ့ ပစ်ခတ်မှု ဖြစ်ပြီးနောက်ပိုင်း ဖက်ဆစ်စနစ်ကို ဆန့်ကျင်တဲ့ လူ တွေထောင်နဲ့ချီ ကန့်ကွက် ဆန္ဒပြနေကြပါတယ်။

တစ်ခြားမြို့ငယ်လေးတွေမှာလည်း အခုလို ဆန္ဒပြနေကြပါတယ်။

ရက်သတ္တပတ် ၃ ပတ်အကြာမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ရွေ့ပြောင်းဝင်ရောက်သူတွေအရေးက အဓိက ပြသနာ ဖြစ်တာကြောင့် သူတို့အနေနဲ့ လက်ယာစွန်းဝါဒီတွေကို ကန့်ကွက် ဆန္ဒပြတာ ဖြစ်တယ်လို့ ဆန္ဒပြသမားတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်တုန်းက လက်ယာစွန်း မျိုးချစ်ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ် အီတလီနိုင်ငံသားတစ်ဦးဟာ ကားပေါ်ကနေ အာဖကန် ရွေ့ပြောင်းနေထိုင်သူတွေကို ပစ်ခတ်ခဲ့လို့ ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါဟာ နိုင်ဂျီးရီးယား ရွေ့ပြောင်းနေထိုင်သူ တစ်ယောက်က အီတလီ အမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်ကို ပိုင်းဖြတ်ပြီး သတ်ဖြတ်ခဲ့တာကို ပြန်ပြီး လက်စားချေခဲ့တာ ဖြစ်ပါတယ်။

ဒီလူသတ်မှုနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ နောက်ထပ် နိုင်ဂျီးရီးယား နိုင်ငံသား နှစ်ဦးကိုလည်း ရဲက အခု ဖမ်းဆီးထားပေမယ့် အဲဒီ့လူတွေကတော့ ဒါကို ငြင်းဆိုထားပါတယ်။

အီတလီမှာ ကားပေါ်ကနေ သေနတ်နဲ့ပစ်