အလုပ်အကိုင် ဖန်တီးမယ့် အစီအစဉ် ထရမ့်ချပြ

  • 13 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် Getty Images
Image caption ပြည်နယ် အစိုးရတွေက လိုအပ်ဘတ်ဂျတ် အများစုကို ထည့်ဝင်ရဖို့ ရှိနေ

အမေရိကန် သမ္မတ ထရမ့် က အမေရိကန် ပြည်ထောင်စု ရဲ့ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး ကဏ္ဍမှာ ဘတ်ဂျက် အသုံးစရိတ် ပိုချပေးရေး အစီအစဉ် ကို ကြေညာ လိုက်ပါပြီ။

လာမဲ့ ၁၀နှစ် အတွင်းမှာ ၁.၅ မှ ၁.၇ ထရစ်လီယံ ဒေါ်လာ အထိ ရင်းနှီးမြုပ်နှံမယ်လို့ မစ္စတာ ထရမ့်က ကတိပေးလိုက်ပါတယ်။

ဒါပေမဲ့ ဒီငွေထဲ က အများစုဟာ ပြည်နယ် အသီးသီးနဲ့ ပုဂ္ဂလိက လုပ်ငန်းပိုင်းတွေ က ထည့်၀င် မြုပ်နှံရမှာ ဖြစ်တဲ့ အတွက် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

အရှေ့အလယ်ပိုင်း အရေးမှာ ဒေါ်လာပေါင်း ၇ ထရီလီယံ ကို အဆင်အခြင် ကင်းမဲ့စွာ နဲ့ အသုံးပြုခဲ့မိ လို့ ပြည်တွင်း အခြေခံ အဆောက်အအုံ ဘက်မှာ ယိုယွင်း ချို့တဲ့ ခဲ့တာတွေ ရှိခဲ့တယ် လို့ သမ္မတက ပြောပါတယ်။

ဒါကြောင့်မို့ ကွန်ဂရက် အနေနဲ့ ပြည်တွင်း အခြေခံ အဆောက်အအုံ တွေ တည်ဆောက်ရေး အပိုင်းအတွက် အသုံးစရိတ် ချပေး တဲ့ ဥပဒေတရပ်ကို သမ္မတ က လိုလားလျက် ရှိပါတယ်။

ဆက်စပ် အကြောင်းအရာများ