ချစ်သူများနေ့အတွက် ပင်ဂွင်းငှက်တွေ အသင့်ပြင်

  • 13 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် Getty Images
Image caption မက်ခရိုနီပင်ဂွင်းစုံတွဲတွေကို သီးခြားထားပြီး မိတ်လိုက်စေမယ်လို့ တာဝန်ရှိသူတွေပြော

အင်္ဂလန်နိုင်ငံက တိရစ္ဆာန်ဥယျာဉ် တခုမှာ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့ အတွက် ပြင်ဆင်နေကြပါတယ်။

၁၄ ရက်နေ့မှာ ပင်ဂွင်းငှက်ပျိုတွေကို တိရစ္ဆာန်ရုံမှာ မထားတော့ဘဲ ပင်ဂွင်းငှက် စုံတွဲတွေကိုပဲ သီးသန့် ထားကာ မျိုးပွားစေပြီး အရေအတွက် တိုးအောင် လုပ်ဖို့ စီစဉ်ထားတာပါ။

ဒက်ဗွန်ခရိုင်က Living Coasts တိရစ္ဆာန်ရုံမှာရှိတဲ့ မက်ခရိုနီမျိုး ပင်ဂွင်းငှက် စုံတွဲ ၅ တွဲဟာ အဖော်မဲ့ ပင်ဂွင်းအဖို ၈ ကောင်ရဲ့ နှောင့်ယှက်တာ၊ သူတို့ကြောင့် စုံတွဲတွေ အကွဲအပြား ဖြစ်စေတာ စတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီက ပင်ဂွင်းငှက်စုံတွဲတွေ သီးသန့် အတူနေချိန် ပိုရအောင်လို့ ပင်ဂွင်ငှက်အဖို အများစုကို အခြား တိရစ္ဆာန်ရုံ တခုကို ပို့ထားမယ်လို့ သူတို့က ဆိုပါတယ်။

အဖော်မရှိတဲ့ ပင်ဂွင်းဖိုတွေက ငှက်သိုက်တွေကို နှောင့်ယှက်တာတွေ ရှိတယ်လို့ ဥယျာဉ်တာဝန်ခံ ကလဲရပ်ဂ်က ပြောပါတယ်။ သူတို့က အသိုက်လုပ်တဲ့ ပစ္စည်းတွေကို ခိုးယူတတ်သလို စုံတွဲ ငှက်ဖိုရဲ့ နေရာကိုလည်း ဝင်ယူတတ်တယ်လို့ ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ချစ်သူများနေ့ကို မချစ်သူများ
ဓာတ်ပုံ မူပိုင် Getty Images
Image caption မက်ခရိုနီပင်ဂွင်းမျိုးတွေက တောင်ဝင်ရိုးစွန်း အန္တာတိတ်အောက်ပိုင်းနဲ့ ကျွန်းဆွယ်ပိုင်းက လာ

ဒီလို ငှက်ပျိုတွေကို ခွဲထုတ်ရတာက မျိုးရိုးဗီဇ အရ ကျန်းမာ သန်စွမ်းတဲ့ မျိုးပွား အုပ်စုတွေ အချင်းချင်း မိတ်လိုက်စေလိုတာကြောင့်လည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

"မက်ခရိုနီ မျိုးပွားနှုန်းက အခုနှစ်ပိုင်းတွေထဲမှာ အကောင်းဆုံး မဟုတ်ခဲ့ပါဘူး၊ ဒီမှာ အဖိုတွေက များနေပြီး အသက်အပိုင်းအခြား မျှတမှုလည်း မရှိပါဘူး၊ ငှက်ပေါက်ကလေးတွေ အများအပြား ရှိနေသလို အသက်အရွယ်ကြီးရင့်တဲ့ ငှက်တွေကလည်း များနေပါတယ်၊ သားဖောက်ဖို့ အတွက် အသင့်လျော်ဆုံး အသက်အပိုင်းခြား ရှိတဲ့ ငှက်အရေအတွက်က မလုံလောက်ဘူး" လို့ ဥယျာဉ်တာဝန်ခံ တယောက်ဖြစ်တဲ့ ဂျေဆင်ကဲလာက ပြောပါတယ်။

တိရစ္ဆာန်ရုံတာဝန်ရှိသူတွေမှာ ငှက်တွေ သားဖောက်တဲ့ မှတ်တမ်း စာအုပ် တရားဝင် ထားရှိပြီး စောင့်ကြည့် မှတ်တမ်းပြုစုထားပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ