ဝါရှင်တန်မှာ ကျောင်းသားတွေ ဦးဆောင် ဆန္ဒပြမယ်

  • 19 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် Reuters
Image caption သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ဖို့ ကျောင်းသားတွေ ဆန္ဒပြကြမယ်

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က အမေရိကန် ဖလော်ရီဒါ ပြည်နယ် ရှိ Marjory Stoneman Douglas အထက်တန်းကျောင်း မှာ ကျောင်းသားတဦး ရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသူ ကျောင်းသား ၁၄ဦး နဲ့ ဝန်ထမ်း ၃ ဦးသေဆုံး သွားခဲ့ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ကန့်ကွက် ချီတက် ဆန္ဒပြမှု ကို လာမဲ့ မတ်လ ၂၄ ရက် မှာ ကျင်းပကြမှာ ဖြစ်ပါတယ်။

ဒီဆန္ဒပြ ပွဲ ကို ကျောင်းသားတွေ က ဦးဆောင် ကြမှာဖြစ်ပြီး ဝါရှင်တန် မြို့တော် မှာ ကျင်းပမှာ ဖြစ်ပါတယ်။

တခြားမြို့ တွေ မှာလည်း တပြိုင်ထဲ၊ တရက်ထဲ မှာ ချီတက် ဆန္ဒပြဖို့ ပါ ကျောင်းသား တွေ စိုင်းပြင်းနေကြပါပြီး ဒီဆန္ဒပြပွဲ အမည် ကိုလည်း Our Lives ကျွန်ပ် တို့ ရဲ့ ဘဝများ လို့ အမည်ပေးထားသလို ဆိုရှယ် မီဒီယာ တွေ မှ တဆင့် တပ်လှန့် နှိုးဆော်နေပါပြီ။

ဒါဟာ ကျောင်းသားတွေ ဘက်ကနေ သမ္မတထရမ့် နဲ့ သူ့ အစိုးရ ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်တာ ဖြစ်ပြီး ဒီလှုပ်ရှားမှုကနေ အမေရိကန် တဝန်းမှာ သေနတ် ကိုင်ဆောင်ခွင့် ကို ထိန်းချုပ်ပေးဖို့ တခေတ်ပြောင်း စေဖို့ လှုံဆော် လိုက်တာလည်း ဖြစ်ပါတယ်။

လူအများအပြား ဟာ သူတို့ ချစ်တဲ့သူတွေ ကို ဆုံးရှုံးခဲ့ရပါပြီ ၊ ကျောင်းသား အသိုင်းအဝိုင်းဟာ နှလုံးသား ကျည်သင့်တဲ့ ဘဝ ရောက်ခဲ့တာ များလှပြီ ဖြစ်တာကြောင့် ဒီဖြစ်ရပ်ဆိုး ကို ဆန့်ကျင် ရပ်တည်ပြရမဲ့ အချိန် အခု ရောက်လာပါပြီလို့ သေကံမရောက် သက်မပျောက်တဲ့ ကျောင်းသား ဒေးဗစ် ဟော့ဂ် ကပြောပါတယ်။

အခုဆိုရင် ကျနော် ဟာ ကျောင်းပြန်တက်ဖို့ လုံခြုံမှု ကင်းမဲ့ သလို ဖြစ်နေသလို စိတ်ဝေဒနာ ကုသ စောင့်ရှောက်မှု နဲ့ သေနတ် ကိုင်ဆောင်ခွင့် ထိန်းချုပ်မှု ဥပဒေ မရှိသရွေ့ ကျောင်းပြန်တက် စရာ အကြောင်း မရှိတော့ပါဘူး၊ နိုင်ငံရေး သမားတွေ ဟာ ဒီအရေးကိစ္စ ကို တာဝန်ယူ မဆောင်ရွက်သရွေ့ ကျနော် တို့ ကျောင်းသားတွေ နောက်ထပ် သွေးမြေကျနေရဦးမှာ ပဲ လို့ ဒေးဗစ် ဟော့ဂ် က ဆိုပါတယ်။

သေနတ်သမား နီကိုလပ်စ် ကရုဇ် ရဲ့ သေနတ်ရန် ကနေ ပုန်းအောင်းနေမိလို့ အသက်ရှင် ကျန် ခဲ့ တဲ့ ကျောင်းသူလေး အယ်မာ ဂွန်ဇာလေ့စ် ကဆိုရင်လည်း သမ္မတထရမ့် ကသာ သူ့ဆီတန်းတန်း မတ်မတ်လာပြီး သူဝမ်းနည်းကြောင်း၊ နောင်ကို ဒါမျိုး မဖြစ်စေရတော့ ဘူး လို့ ပြောလို့ကတော့ အမျိုးသား ရိုင်ဖယ် အဖွဲ့အစည်း က သူ့ မဲဆွယ်ပွဲ တုန်း က ငွေဘယ်လောက် ရခဲ့ သလဲ လို့ မေးချင်တဲ့ အကြောင်း ပြောသွားပါတယ်။

သမ္မတ ထရမ့် ကတော့ သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး နဲ့ ပတ်သက် လို့ တလုံးတပါဒ မှ မပြောပဲ အရင်သမ္မတ အိုဘားမား လက်ထက် က ဒီမိုကရက်တွေ ဥပဒေ လုပ်မသွားလို့ အခုလို ဖြစ်ရပုံ၊ တခါ အက်ဖ်ဘီအိုင် ဟာ လည်း သတင်းအစအန ရပါလျက် နဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မှာ ရုရှ ရဲ့ ပါဝင် နှောက်ယှက်မှု သတင်း ကိုပဲ အသားပေး လိုက်နေကြလို့ အခုလို ဖြစ်ရတာ လို့ အပြစ်တင် စကား ပြောကြားခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ