ပြုံချမ်း ဆုရှင် ရုရှား ကစားသမား တားမြစ်ဆေး သုံးတာတွေ့ရ

  • 19 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဇနီးသည်နဲ့ နှစ်ယောက်တွဲ ကစားတဲ့ပွဲမှာ ကြေးတံဆိပ်ရခဲ့တဲ့ Alexander Krushelnitsky

တားမြစ်ဆေး သုံးစွဲမှု စစ်ဆေးရာမှာ မအောင်မြင် ခဲ့တဲ့အိုလံပစ်ချံပီယံ ရုရှား အားကစားသမား အလက်ဇန်ဒါ ခရပ်ရှယ်လ်နစ်စကီး Alexander Krushelnitsky ကို အာကစားဆိုင်ရာ အနုညာတ တရားရုံးက အမှုဖွင့် တရားစွဲဆို လိုက်ပြီဖြစ်ပါတယ်။

ဆေးစစ်ဖို့ သူပေးခဲ့တဲ့ နမူနာတစ်ခုမှာ တားမြစ်ဆေး သုံးထားတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

သူ့ဇနီးနဲ့ အတူ အမျိုးသား အမျိုးသမီး နှစ်ယောက်တွဲပြီး ပြိုင်တဲ့ curling ရေခဲပြင် ပေါ်မှာ ကျောက်ပြားဝိုင်းကို ဒိုးပစ်တဲ့ ကစားပွဲမှာ ကြေးတံဆိပ် ဆွတ်ခူးခဲ့ပါတယ်။

အခုတော့ သူဟာ meldonium မဲလ်ဒိုနီယမ် ဆိုတဲ့ တားမြစ်ဆေး သုံးစွဲထားတာ ဖြစ်နိုင်တယ် လို့ သံသယ ရှိနေကြပြီး တနင်္လာနေ့မှာ ဆေးစစ်တဲ့ အဖြေ ရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အခုနှစ် ဆောင်းရာသီ အိုလံပစ် အားကစား ပြိုင်ပွဲမှာ ရုရှား ကစားသမားတွေ တားမြစ်ဆေး ကိစ္စကြောင့် ပါဝင် ယှဉ်ပြိုင်ခွင့် မရကြပါဘူး။

၀င်ပြိုင်သူတွေ ကလည်း ရုရှား နိုင်ငံ ကိုယ်စားပြု မဟုတ်ဘဲ တသီးပုဂ္ဂလ အနေနဲ့ ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။

ဒီဆေးအသုံးပြုမှုကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ကတည်းက တားမြစ်ထား ပေမယ့် အရှေ့ဥရောပ နိုင်ငံတွေမှာ တရားဝင် ရောင်းချ နေပါတယ်။

ရုရှား တင်းနစ်မယ့် ရှာရာပိုဗာလည်း ဒီဆေး သုံးစွဲလို့ တင်းနစ် ကစားခွင့် ပိတ်ပင် ခံရဖူးပါတယ်။

ခန္ဓာကိုယ်ကို အားစိုက် ထုတ်ရတဲ့ ကစားနည်းမျိုး မဟုတ်တဲ့ curling လို ကစား ပွဲမှာ တားမြစ်ဆေး သုံးစွဲတာ ပေါ်ပေါက်ရင် အားကစား တရားရုံးက ဘယ် အဆင့်အထိ အရေးယူမယ် ဆိုတာ မကြာခင် သိရမှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ