တရုတ် မော်ဒယ်ရဲ့ နှစ်ကူး နှုတ်ဆက်စကား ပရိသတ်တွေ မကျေနပ်

  • 21 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် Getty Images
Image caption နောက်ပိုင်းမှာတော့ ပျော်ရွှင်စရာ တရုတ်နှစ်ကူးလို့ Liu Wenက ပြန်ပြောင်း ရေးသား

လူမှုကွန်ရက် အင်စတာ ဂရမ်ပေါ်ကို တင်လိုက်တဲ့ တရုတ်မော်ဒယ် Liu Wenရဲ့ တရုတ် နှစ်ကူး နှုတ်ဆက်စကားကို တရုတ် ပရိသတ်တွေ မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။

တရုတ်နှစ်သစ်လို့ မရေးဘဲ ပျော်ရွှင်စရာ Lunar နှစ်သစ်လို့ Liu Wenက ရေးသားခဲ့ပါတယ်။

ဒါကြောင့် သူ့ကို ရိုးရာအမွေအနှစ်ကို လစ်လျူရှုတဲ့သူလို့ တရုတ် အမျိုးသားရေးဝါဒီ လူမှုရေးကွန်ရက် အသုံးပြုသူတွေက စွပ်စွဲခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ပျော်ရွှင်စရာ တရုတ်နှစ်ကူးလို့ Liu Wenက ပြန်ပြောင်း ရေးသားခဲ့ပါတယ်။

လကို အခြေခံတဲ့ ပြက္ခဒိန်ကို အခြေခံပြီး တရုတ်နှစ်ကူးကို ကျင်းပလေ့ရှိတာကြောင့် တရုတ်နှစ်ကူး အစား Lunarနှစ်ကူးဆိုပြီး အသုံးပြုလေ့ ရှိပါတယ်။

ဒီနှစ်မှာတော့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကို တရုတ်နှစ်ကူးလို့ သတ်မှတ်ပြီး ကမ္ဘာတဝန်းက လူသန်းပေါင်းများစွာက ပျော်ရွှင်စွာဆင်နွှဲခဲ့ကြပါတယ်။

Forbes မဂ္ဂဇင်းရဲ့ စာရင်းအရ Liu Wenဟာ ကမ္ဘာဈေးအကြီးဆုံး မော်ဒယ်စာရင်းဝင် တဦးလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ အင်စတာဂရမ်ကို အသုံးပြုခွင့်ပိတ်ထားပေမယ့် အသုံးပြုသူ အများစုက နည်းလမ်းရှာပြီး အသုံးပြုကြပါတယ်။

အခုတော့ အင်စတာဂရမ်ပေါ်ကို တင်ထားတဲ့ Liu Wen ပိုစ့်ကို တရုတ်လူမှုရေး ကွန်ရက်ပေါ်မှာ ပြန်တင်နေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ