ဆမ်ဆောင်းရဲ့ Galaxy S9 စမတ်ဖုန်းပုံ ပေါက်ကြား

  • 22 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် XDA
Image caption အစောပိုင်းက Galaxy S9နဲ့ပတ်သက်ပြီး ပေါက်ကြားခဲ့တာနဲ့ အလားသဏ္ဍာန် တူနေတယ်

ဆမ်ဆောင်းရဲ့ နောက်အသစ်ထွက်မယ့် Galaxy S9 စမတ်ဖုန်းသစ်ရဲ့ ဓာတ်ပုံဟာ ကုမ္ပဏီရဲ့ အက်ပလီကေးရှင်းကနေ တဆင့် ပေါက်ကြားသွားခဲ့ပါတယ်။

လာမယ့် ၂၅ ရက်နေ့မှာ ဆမ်ဆောင်းဟာ သူရဲ့ Galaxy S9 စမတ်ဖုန်းသစ်ကို စပိန်နိုင်ငံ ဘာစီလိုနာမှာ မိတ်ဆက် ပေးဖို့ ရှိနေပါတယ်။

အစောပိုင်းက Galaxy S9နဲ့ပတ်သက်ပြီး ပေါက်ကြားခဲ့တာနဲ့ အလားသဏ္ဍာန် တူနေတယ်လို့ ဆိုပါတယ်။

ဖုန်းမိတ်ဆက်တဲ့ အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားတဲ့ အက်ပလီကေးရှင်းကနေ တဆင့် ပုံတွေ ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် SAMSUNG
Image caption ဆမ်ဆောင်းကုမ္ပဏီပြောခွင့်ရကတော့ ခုပေါက်ကြားတာတွေနဲ့ ပတ်သက်ပြီး တစုံတရာ မှတ်ချက် ပေးတာ မရှိပါဘူး။

ဆမ်ဆောင်းကုမ္ပဏီပြောခွင့်ရကတော့ ခုပေါက်ကြားတာတွေနဲ့ ပတ်သက်ပြီး တစုံတရာ မှတ်ချက် ပေးတာ မရှိပါဘူး။

မိုဘိုင်းဆော့ဖ်ဝဲလ်တွေကို ကျွမ်းကျင်တဲ့သူတွေကတော့ ဒီပုံတွေဟာ ဆမ်ဆောင်းရဲ့ ဆာဗာက ရလာတာကြောင့် အစစ်တွေဖြစ်တယ်လို့ ပြောပါတယ်။

ဆမ်ဆောင်းကတော့ သူတို့ ထုတ်လုပ်မယ့် Galaxy S9 စမတ်ဖုန်းနဲ့ ပတ်သက်တဲ့ အချက်အလက် ဒီဇိုင်းတွေကို လျှို့ဝှက်ထားလိုပြီး ဖုန်းမိတ်ဆက်တဲ့ ပွဲမတိုင်ခင် ပေါက်ကြားမှုကတော့ အရှက်ရစေတယ်လို့လည်း ဆိုပါတယ်။