ဆီးရီးယားမှာ ရက် ၃၀ အပစ်ရပ်ဖို့ ကုလဆုံးဖြတ်

  • 25 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယားမှာ ရက် ၃၀ အပစ်ရပ်ဖို့ ကုလဆုံးဖြတ်

ဆီးရီးယား နိုင်ငံတစ်ဝှမ်း လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေပေးနိုင်ဖို့ ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲပေးရေး တောင်းဆိုချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တစ်ညီတညွတ်တည်း သဘောတူခဲ့ကြပါတယ်။

မြို့တော် ဒမတ်စကတ်အနီးမှာ ရှိတဲ့ အရှေ့ဂူတာမှာ လက်နက်ကိုင်တွေ ရှိတဲ့ နေရာတွေကို ဆီးရီးယား အစိုးရတပ်တွေက ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သတင်းပတ် တစ်ပတ်အကြာမှာ အခုလို ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။

ရက်ပေါင်း ၃၀ ယာယီ အပစ်အခတ်ရပ်စဲရေးအရ အဲဒီ့ဒေသကို အကူအညီတွေ ထောက်ပံ့ကူညီသွားမှာဖြစ်ပြီး ဆေးဝါးထောက်ပံတာတွေလည်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

အခုလိုမျိုး လုပ်ဆောင်မှာကို ဆီးရီးယား အစိုးရအနေနဲ့ လိုက်နာပါ့မလားဆိုတာနဲ့ ပတ်သက်လို့ သံသယဖြစ်မိပြီး ဒီသဘောတူညီမှုကို ထောက်ခံဖို့ နှောင့်နှေးခဲ့တဲ့ ရုရှားတို့ကိုလည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီဟေလီက ဝေဖန်လိုက်ပါတယ်။

ဒါပေမယ့် အခုလို သဘောတူညီမှု ရပြီးတဲ့နောက်ပိုင်းမှာတောင် ဆီးရီးယား အစိုးရက လေကြောင်းတိုက်ခတ်တာတွေ ဆက်လက်လုပ်နေဆဲဖြစ်တယ်လို့ ဆီးရီးယားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဒီအပတ်အခတ်ရပ်စဲရေးကို ထိန်းထားနိုင်ဖို့ ရှိမရှိဆိုတာနဲ့ ပတ်သက်လို့ သံသယဖြစ်မိတယ်လို့ ရုရှား သံအမတ်ကလည်း ပြောပါတယ်။