နှစ် ၄၀ ကြာ ပျောက်ဆုံးပန်းချီကား ဒေါ်လာ ၁ သန်းခွဲနဲ့ရောင်း

  • 1 မတ် 2018
ဓာတ်ပုံ မူပိုင် BONHAMS
Image caption Ben Enwonwuကို နိုက်ဂျီးရီးယား မော်ဒယ် ပန်းချီပညာရဲ့ ဖခင်လို့ သတ်မှတ် ထားတာ ဖြစ်ပါတယ်

နှစ် ၄၀ ကြာ ပျောက်ဆုံးနေတဲ့ နိုက်ဂျီးရီးယားနိုင်ငံက အကောင်းဆုံး မော်ဒယ် အနုပညာရှင်တဦးရဲ့ ပန်းချီကားကို ဒေါ်လာ ၁ သန်းခွဲနဲ့ လေလံတင် ရောင်းချခဲ့ပါ တယ်။

Tutuလို့အမည်ပေးထားတဲ့ ပန်းချီကားဟာ နိုက်ဂျီးရီးယား မင်းသမီးတဦးပုံကို ရေးဆွဲထားတာဖြစ်ပါတယ်။

ဒီပန်းချီကားကို အနုပညာရှင် Ben Enwonwu က ၁၉၇၄မှာ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ သူကို နိုက်ဂျီးရီးယား မော်ဒယ် ပန်းချီပညာရဲ့ ဖခင်လို့ သတ်မှတ် ထားတာ ဖြစ်ပါတယ်။

ရေးဆွဲတဲ့နှစ်မှာပဲ နိုက်ဂျီးရီးယားမှာရှိတဲ့ Lagos မြို့ ပြပွဲတခုမှာ ပြသခဲ့ရာ ပန်းချီကားဟာ ပျောက်ဆုံးသွားခဲ့ပြီး လန်ဒန် မြောက်ပိုင်းက အိမ်တခုရဲ့ နံရံပေါ်မှာ ဒီပန်းချီကားကို ပြန်လည် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီပန်းချီကား လန်ဒန်ကို ဘယ်လိုလုပ်ရောက်လာသလဲဆိုတာ မသိရသလို ပိုင်ရှင်ကလည်း အမည်မဖော်ဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက စလို့ နိုင်ဂျီးရီးယား အနုပညာအပေါ် လူအများ စိတ်ဝင်စားခဲ့ပြီး အနုပညာပစ္စည်းတွေရဲ့ တန်ဖိုး မြင့်တက်ခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ