တောင်ကိုရီးယား ကိုယ်စားလှယ်တွေနဲ့ ကင်မ်ဂျုံ-အွန်း ညစာစား

  • 5 မတ် 2018
Image caption ၁၅ မိနစ်ကြာ ဆွေးနွေး

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံ-အွန်းက တောင်ကိုရီးယား ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကို ညစာ စာပွဲနဲ့ ဧည့်ခံ ခဲ့တယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။

တောင်ကိုရီးယား စံတော်ချိန် ညနေ ၃ နာရီ ၄ဝ ကနေ စပြီး နှစ်ဘက် အရာရှိတွေ ၁၅ မိနစ်ကြာ ဆွေးနွေးခဲ့တယ်၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံ-အွန်းနဲ့ တွေ့ကြဖို့လည်း သဘောတူခဲ့တယ် ဆိုပြီး တောင်ကိုရီးယားသမ္မတ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကင် အီ ဂယမ်း က အစောပိုင်းတုန်းက ပြောဆို ခဲ့ပါတယ်။

Image caption တောင်ကိုရီးယား အရာရှိတွေကို တွေ့ဆုံတာ အခု ပထမဆုံး

ကင်မ်ဂျုံ-အွန်း ခေါင်းဆောင် ဖြစ်လာခဲ့ပြီးနောက် တောင်ကိုရီးယား အရာရှိတွေကို တွေ့ဆုံတာ အခု ပထမဆုံး ဖြစ်ပါတယ်။

တောင်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့ကို လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးတွေ ဦးဆောင် သွားတာဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တောင်နဲ့ မြောက်ကိုရီးယား ၂ နှစ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး

နှစ်ရက်ကြာ ခရီးစဉ် အပြီးမှာ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယား နဲ့ အမေရိကန်ကြား ဆွေးနွေးမှုတွေအတွက် စီစဉ်ဖို့ ဝါရှင်တန်ကို ဆက်လက် သွားရောက်မှာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကိုရီးယား ကျွန်းစွယ်အတွင်း တင်းမာမှုတိုးလာ

ဆက်စပ် အကြောင်းအရာများ