စစ် အသုံးစားရိတ် တိုးမြှင့် လိုက်တဲ့ တရုတ် ကွန်မြူနစ် ပါတီ ညီလာခံ

  • 5 မတ် 2018
ဓာတ်ပုံ မူပိုင် Getty Images
Image caption စစ်အင်အား တိုးချဲ့ ဖို့ အတွက် ယွမ်ငွေ တစ် ဒဿမ တစ် ထရီလီယံ သုံးစွဲ မယ်

တရုတ် ကွန်မြူနစ် ပါတီ ကွန်ကရက် ကိုတော့ ကိုယ်စားလှယ်ပေါင်း သုံးထောင် ကျော် နဲ့ ဘေဂျင်း မြို့မှာ ကျင်းပ နေတာ ဖြစ်ပါတယ်။

တရုတ် အနေနဲ့ စစ်အင်အား တိုးချဲ့ ဖို့ အတွက် ယွမ်ငွေ တစ် ဒဿမ တစ် ထရီလီယံ သုံးစွဲ မယ်ဆိုပြီး ဝန်ကြီးချုပ် လီကေချမ်း က ကြေညာ လိုက်တဲ့ အခါမှာတော့ ညီလာခံ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ် တွေက သောင်းသောင်းဖျဖျ လက်ခုပ် ဩဘာ တီးခဲ့ကြပါတယ်။

အဲဒီ ယွမ် ငွေ တစ်ထရီလီယံ ကျော်ဟာ ဒေါ်လာ နဲ့ ဆိုရင် တစ်ရာ ခုနှစ်ဆယ့် ငါး ဘီလျံကျော် ရှိပါတယ်။

ဒါ့အပြင် တရုတ် နိုင်ငံ စီးပွားရေး ကို ၆.၅ ရာခိုင်နှုန်း တိုးတက်အောင် ရည်မှန်းချက် ထား ဆောင်ရွက် သွားမယ် ဆိုပြီး တရုတ် ဝန်ကြီးချုပ် လီကေချန်း က ကြေညာ ခဲ့ပါတယ်။

ပါတီ ညီလာခံ အဖွင့် မိန့်ခွန်း မှာ ဝန်ကြီးချုပ် လီကေးချန် က လွန်ခဲ့တဲ့ ငါးနှစ် အတွင်းမှာ ပါတီ ဗဟို ကော်မတီ အနေနဲ့ သမ္မတ ရှီကို ဗဟိုပြုတဲ့ စီမံကိန်းတွေ ဆုံးဖြတ် ချက်တွေ ချမှတ် ဆောင်ရွက် ခဲ့ပြီး နိုင်ငံ တည်ငြိမ်ရေး နဲ့ စီးပွားရေး တိုးတက်ရေး အတွက် ရည်မှန်းချက် ထား ဆောင်ရွက် နေသလို ဒီရည်မှန်းချက် ပြည့်ဝရေး အတွက် ဆက်လက် ကြိုးပမ်း အားထုတ်ဖို့ လိုနေပါသေးတယ်လို့ ပြောဆို သွားခဲ့ပါတယ်။

နောက်ပြီး တရုတ် နိုင်ငံက သမ္မတ သက်တမ်း ၂ ဆက် ထက် ပိုပြီး တာဝန် ထမ်းဆောင်ခြင်း မပြု ရ ဆိုတဲ့ သတ်မှတ်ချက် ကိုလည်း ပယ်ဖျက် ဖို့ ကိုလည်း ကွန်မြူနစ် ပါတီ ညီ လာခံ က ပြင်ဆင် နေပါတယ်။

ဒီ သမ္မတ သက်တမ်း ပယ်ဖျက် တဲ့ ဆောင်ရွက်ချက်ကို အတည်ပြု နိုင်ဖို့ ပြဌာန်း ကြိုးပမ်း ဆောင်ရွက် နေတာ အတော်ကြာပါပြီ။ သမ္မတ သက်တမ်း ကို တိုးမြှင့်တဲ့ ဆောင်ရွက် ချက်ဟာ တရုတ် နိုင်ငံ အတွင်းမှာ တင် အငြင်းပွား ဖွယ် ဖြစ်နေတဲ့ ဆောင်ရွက် ချက်လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရှီကျင်းပင် ဟာ တိုင်းပြည် အာဏာ ကို ဆက်လက် ထိန်းချုပ် ထား နိုင်မှာ ဖြစ်တယ်လို့ ဝေဖန် နေကြ

ဒါကို ကန့်ကွက်သူတွေ ရှိတဲ့ ကြား က အတည်ပြု ဖို့ ဆောင်ရွက်နေပြီး ဒီလုပ်ရပ်ကြောင့် ရှီကျင်းပင် ဟာ တိုင်းပြည် အာဏာ ကို ဆက်လက် ထိန်းချုပ် ထား နိုင်မှာ ဖြစ်တယ်လို့ ဝေဖန် နေကြတာပါ။

တရုတ် ကို ပြုပြင် ပြောင်းလဲမှု ဖော်ဆောင် ပေးခဲ့တဲ့ မော်စီတုန်း ခေတ် နောက်ပိုင်း မှာ ဩဇာတိက္ကမ ကြီးမား တဲ့ ခေါင်းဆောင် တစ်ယောက် အဖြစ် ရည်မှန်းတဲ့ ရှီကျင်းပင် ရဲ့ ကြိုးပမ်း ချက်လည်း ဖြစ်ပါတယ်။

သမ္မတ သက်တမ်း တိုးမြှင့်တဲ့ မဲခွဲ ဆုံးဖြတ်မှု ကိုတော့ မတ်လ ၁၁ ရက်နေ့မှာ ပြုလုပ်မှာ ပါ။ ဒါပေမယ့် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ ရဲ့ အဆိုပြုချက် ကို ကွန်ကရက် ကို တက်ရောက်လာတဲ့ ကိုယ်စားလှယ် အများစု က ထောက်ခံ ထောက်ခံကြပြီး အတည်ပြု နိုင်မယ်လို့ ယူဆရပါတယ်။

ဒါ့ကြောင့် တရုတ် ကွန်မြူနစ်ပါတီ ညီလာခံ ဟာ ဗဟို ကော်မတီ ရဲ့ ဆုံးဖြတ်ချက် တွေကို အကောင်အထည် ဖော်ပေး ရတဲ့ လက်ညိုးထောင် ခေါင်းညိတ် ပေးရတဲ့ ညီလာခံ အဖြစ် နိုင်ငံရေး လေ့လာ သူတွေက ရှုမြင် ကြပါတယ်။

တရုတ် ကွန်မြူနစ် ပါတီ ညီလာခံ ကနေပြီး တိုင်းပြည်ရဲ့ ဦးတည် ချက် သုံးရပ် ဖြစ်တဲ့ စီးပွားရေး တိုးတက်ဖို့၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တိုးမြှင့် ဆောင်ရွက်ဖို့ နဲ့ စစ်ရေး တိုးချဲ့ ဖို့ ဆိုတဲ့ ရည်မှန်းချက်တွေ ချမှတ် ဖို့ ရှိပါတယ်။

ခေတ်သစ် တပ်မတော် ဖြစ်ရေး အတွက် စစ်ရေး အသုံးစားရိတ် တိုးမြှင့် မယ်ဆို တဲ့ ဆောင်ရွက် ချက်ဟာ တောင်တရုတ် ပင်လယ် နဲ့ ဟိမဝန္တာ နယ်စပ် အငြင်းပွား မှု ပြဿနာ တွေမှာ အင်အား အသာစီး ရအောင် လုပ်တဲ့ ဆောင်ရွက် ချက် မျိုး အဖြစ် လူတွေက ရှုမြင် နေကြပါတယ်။