ကနေဒါနဲ့ မက္ကဆီကိုက သံမဏိနဲ့ အလူမီနီယံ တင်သွင်းတာ ကန်အခွန်မကောက်

  • 8 မတ် 2018
Image caption တချို့နိုင်ငံတွေကိုလည်း နိုင်ငံအပေါ်မူတည်ပြီး ကင်းလွတ်ခွင့်ပြုမယ်

ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေက တင်သွင်းတဲ့ သံမဏိနဲ့ အလူမီနီယံတို့ကို အခွန်ကင်း လွတ်ခွင့်ပေးဖို့ စီစဉ်နေတယ်လို့ အမေရိကန် အိမ်ဖြူတော်က ပြောပါတယ်။

တချို့နိုင်ငံတွေကိုလည်း နိုင်ငံအပေါ်မူတည်ပြီး ကင်းလွတ်ခွင့်ပြုမယ်လို့ အမေရိကန် ထရမ့် အစိုးရအဖွဲ့ရဲ့ ပြောခွင့်ရ Sarah Sandersက ပြောပါတယ်။

ဒီသီတင်းပတ် အကုန်မှာ သမ္မတက လက်မှတ်ရေးထိုးဖို့ မျှော်လင့်သလို အမျိုးသား လုံခြုံရေးကို အခြေခံပြီး မက္ကစီကိုနဲ့ ကနေဒါတို့ကို ကင်းလွတ်ခွင့်ပေးနိုင်တယ်လို့ သူက ပြောပါတယ်။

အမေရိကန်ကို တင်သွင်းတဲ့ သံမဏိထုတ်ကုန်တွေကို ၂၅ ရာခိုင်နှုန်းနဲ့ အလူမီနီယံနဲ့ဆိုင်တဲ့ ပစ္စည်းတွေကို ၁၀ ရာခိုင်နှုန်း တိုးကောက်မယ်လို့ သမ္မတ ထရမ့်က ပြောဆိုထားပါတယ်။

ဒီလို တိုးမြင့်ကောက်ခံမယ့်အပေါ် ကုန်သွယ်ရေး စစ်ပွဲ ဖြစ်လာမလားဆိုပြီး နိုင်ငံတကာက စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။

အမေရိကန်ကို တခြားနိုင်ငံတွေက ကုန်သွယ်ရာမှာ အခွင့်အရေး ယူတယ်လို့ သမ္မတ ထရမ့်က ပြောဆိုထားပြီး ဒါကို သူ့လက်ထက်မှာ ပြင်ဆင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ